DVB Logo
Home
မြန်မာသတင်း
တရုတ်နိုင်ငံကို မြန်မာဆန် တန်ချိန် ၁ သိန်း အမြန်ဆုံးတင်ပို့ရန် လိုအပ်နေ
DVB
·
June 10, 2019
တရုတ်နိုင်ငံကို မြန်မာဆန် တန်ချိန် ၁ သိန်း အမြန်ဆုံးတင်ပို့ရန် လိုအပ်နေ
Donate to DVB

တရုတ်ကို မြန်မာပြည်ကနေ ဆန်တန်ချိန် ၁ သိန်း အောက်တိုဘာလမတိုင်ခင် အမြန်ဆုံး တင်ပို့နိုင်ဖို့လိုတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောပါတယ်။

ဒီကနေ့ မွန်းလွဲပိုင်းက နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှာ တရုတ်နိုင်ငံကို မြန်မာ့ဆန်တန်ချိန် ၁ သိန်း တင်ပို့နိုင်ရေးအတွက် အစည်းအဝေး ကျင်းပရာမှာ ပြောကြားခဲ့တာပါ။

အဲဒီအစည်းအဝေးမှာ နှစ်နိုင်ငံအစိုးရချင်း သဘောတူညီမှုနဲ့ တရုတ်နိုင်ငံကို တင်ပို့မယ့် မြန်မာ့ဆန်တန်ချိန် ၁ သိန်းကို လာမယ့် အောက်တိုဘာလအတွင်းမှာ အပြီးတင်ပို့နိုင်ဖို့ လိုအပ်တယ်လို့ ဒုတိယဝန်ကြီး ဦးအောင်ထူးက သတိပေးပြောဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ လာမယ့် အောက်တိုဘာလအတွင်းမှာ လက်ရှိသတ်မှတ်ထားတဲ့ ခွဲတမ်းသတ်မှတ်ချက်တွေကို ပြင်ဆင်မှုတွေ ပြုလုပ်လာဖို့ရှိနေတဲ့အတွက် ဒုဝန်ကြီးက အခုလို သတိပေး ပြောဆိုလိုက်တာပါ။

“တရုတ်နိုင်ငံဘက်မှာလည်း quota ကို လာမယ့် အောက်တိုဘာလမှာ ထပ်မံပြင်ဆင်ဖို့ ရှိတဲ့အတွက် ကျနော်တို့အခုရထားတဲ့ တန်ချိန် ၁ သိန်းကို အောက်တိုဘာလ မတိုင်မီမှာ အမြန်ဆုံး ပေးပို့နိုင်အောင် စီစဉ်ဖို့ လိုအပ်တယ်”လို့ ဒုဝန်ကြီးက ဆိုပါတယ်။

တရုတ်ကို တင်ပို့မယ့် ဆန်တန်ချိန် ၁ သိန်းကိုတော့ တရုတ်နိုင်ငံ အစိုးရကိုယ်စား ဝယ်ယူမယ့် တရုတ်ကုမ္ပဏီက အရည်အသွေး အသိမှတ်ပြုထားတဲ့ ဆန်စက်တွေက ထွက်ရှိလာတဲ့ ဆန်တွေကိုသာ ဝယ်ယူမှာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ တရုတ်ကုမ္ပဏီက စစ်ဆေးပြီး အရည်သွေးပြည့်မီတယ်လို့ အသိအမှတ်ပြုထားတဲ့ ဆန်စက်ပေါင်း မြန်မာပြည်မှာ ၁၁ လုံးသာ ရှိနေသေးပြီး အရည်သွေးပြည့်မီတဲ့ ဆန်စက်တွေ ထပ်မံလိုအပ်တာလည်း ဖြစ်ပါတယ်။

ဒီအတွက် တရုတ်ကုမ္ပဏီရဲ့ကိုယ်စား ဆန်စက်အရည်အသွေးကို တာဝန်ယူစစ်ဆေးပေး မယ့် MITS အဖွဲ့ အနေနဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနဲ့ ဆန်စပါးလုပ်ငန်းရှင်များအသင်းတို့နဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံအနှံ့က ဆန်စက်ပေါင်း ၁၀၀ ကျော်ကို အရည်သွေးစစ်ဆေးထာတွေ ထပ်မံပြုလုပ်ထားတယ်လို့ Myanmar Inspection & Testing Sevices Ltd.(MITS) အဖွဲ့က မန်နေးဂျင်းဒါရိုက်တာ ဦးတိုးအောင်မြင့်က  ပြောပါတယ်။

တရုတ်နိုင်ငံကို တင်ပို့မယ့် ဆန်တန်ချိန် ၁ သိန်းကိုတော့ စားသုံးရန်အရည်အသွေး ပြည့်တဲ့ ဆန်အမျိုးစားကိုသာ ပင်လယ်ရေကြောင်းကနေတဆင့် တင်ပို့ရမှာ ဖြစ်ပါတယ်။

ဒီအတွက် ဆန်တင်ပို့မယ့် ကုမ္ပဏီတွေအနေနဲ့ အိုင်ဗရီကို့စ်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဆန်ပြဿနာ အပေါ် နမူနာယူပြီး တင်ပို့မှုလုပ်ဆောင်ရာမှာ အရည်အသွေး ပြည့်မီအောင် လုပ်ဆောင်သွားဖို့ ညွှန်ကြားထားတယ်လို့ စီးပွားကူးသန်းဌာနက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013