DVB Logo
Home
မြန်မာသတင်း
ဝရမ်းပြေး မိုက်ကယ်ကျော်မြင့်ကို ဝမ်းတွင်းမြို့နယ်တွင် ဖမ်းမိ
DVB
·
June 10, 2019
ဝရမ်းပြေး မိုက်ကယ်ကျော်မြင့်ကို ဝမ်းတွင်းမြို့နယ်တွင် ဖမ်းမိ
1 / 4
Donate to DVB

ဖမ်းဝရမ်းထုတ်ခံထားရတဲ့ မိုက်ကယ်ကျော်မြင့်ကို မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ တောင်ဆည်ရွာအုပ်စု၊ ကုန်းကံရွာမှာ ဒီနေ့မွန်းလွဲ ၁ နာရီလောက်က မိတ္ထီလာခရိုင်ရဲတပ်ဖွဲ့မှူး ဦဆောင်ပြီး ရဲအင်အား ၂၀ လောက်နဲ့ ဖမ်းဆီးသွားတယ်လို့ တောင်ဆည်ရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။

တောင်ဆည်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်က “ဟုတ်ပါတယ် မိုက်ကယ်ကို ခရိုင်ရဲတပ်ဖွဲ့မှူး ဦဆောင်ပြီး ဖမ်းတယ်။ ဒီနေ့ နေ့လယ် ၁ နာရီလောက်က ဖမ်းမိပါတယ်။ ဒီနေ့မနက်မှ သူယောက္ခမ အိမ်ကို ရောက်လာတာလို့ သိရတယ်။ ရွာမှာတော့ မိုက်ကယ်လို့ ခေါ်ကြတယ်” လို့ ပြောပါတယ်။

ဝမ်းတွင်းမြို့နယ် တောင်ဆည်ရွာအုပ်စု ကုန်းခံရွာ မိုက်ကယ်ကျော်မြင့်ရဲ့ ယောက္ခမဖြစ်သူ ဦးကျော်မောင်အိမ်မှာ ဖမ်းမိတာပါ။ ဖမ်းမိစဉ်မှာ သူဇနီးဖြစ်သူ မပူစူး (ခ) မအေးအေးသင်း လည်း ရှိနေတယ်လို့ သိရပါတယ်။

ပင်းတလဲရဲစခန်း တာဝန်ကျရဲဝန်ထမ်းက “ခရိုင် ရဲတပ်ဖွဲ့က ခေါ်လို့ သွားရတယ်။ ၂ ထပ်အိမ်အပေါ်ထပ်မှာ အင်္ကျီကျွတ်နဲ့ ထိုင်နေသူကို ခရိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးတယ်။ ဖမ်းမိပြီးမှ အဲဒါမိုက်ကယ်ကျော်မြင့်လို့ သိရတယ်”လို့ ပြောပါတယ်။

ရန်ကုန်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ အစ္စလာမ်ဘာသာဝင်တွေရဲ့ ယာယီဝတ်ပြု ကျောင်းဆောင်ကို မေလ ၁၅ ရက်ညက မျိုးချစ်အဖွဲ့ အမည်ခံ လူ ၂၀၀ လောက်က လာရောက် ကန့်ကွက် ပိတ်ပင်တားဆီးခဲ့တဲ့ အတွက် ပိတ်ပေးခဲ့ရပါတယ်။

ဒီဖြစ်စဉ်မှာ ပါဝင်ခဲ့တဲ့ ကျော်မြင့်(ခ)မိုက်ကယ်ကျော်မြင့် အသက် (၄၃)နှစ်ကို   ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) နဲ့ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တရားရုံးက ဖမ်းဝရမ်း ထုတ်ထားတာဖြစ်ပါတယ်။

ကျော်မြင့်(ခ)မိုက်ကယ်ကျော်မြင့်ဟာ သူ့ရဲ့ ယောက်ခမတော်စပ်သူ ဦးကျော်မောင်နဲ့ ဒေါ်ခင်သန်းတို့ရဲ့ နေအိမ်သို့ ရောက်ရှိပုန်းခိုနေကြောင်း တာဝန်သိပြည်သူတဦးရဲ့ သတင်း ပေးချက်အရ ရဲတပ်ဖွဲ့ဝင်တွေက သက်သေတွေနဲ့ အတူ  သွားရောက်ဖမ်းဆီး ရမိခဲ့ပြီး ဥပဒေနဲ့ အညီ ဆက်လက်အရေးယူ ဆောင်ရွက်မယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

သတင်း - မောင်မောင်လင်း၊ ဓာတ်ပုံ- ရဲဇာနည်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013