DVB Logo
Home
မြန်မာသတင်း
ဥက္ကံတွင် ၅ နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်ရန် ကြံစည်
DVB
·
June 10, 2019
ဥက္ကံတွင် ၅ နှစ်အရွယ် မိန်းကလေးကို အဓမ္မပြုကျင့်ရန် ကြံစည်
Donate to DVB

ရန်ကုန်၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ ဗန္ဓုလရပ်ကွက်၊ ကျောက်လမ်းမှာ ဇွန်လ ၉ ရက်က အသက် ၅ နှစ် အရွယ် မိန်းကလေးတဦးကို အိမ်နီးချင်း ၄၄ နှစ်အရွယ် အမျိုးသားတဦးက အဓမ္မပြုကျင့်ဖို့ ကြံစည်မှုဖြစ်ပွားခဲ့လို့ အမှုဖွင့်ထားတယ်လို့ ဥက္ကံနယ်မြေရဲစခန်းက သိရပါတယ်။

ဥက္ကံရဲစခန်းက အမှုစစ်ဒုရဲအုပ် မင်းသူက “မနက် ၈ နာရီ ခွဲအချိန်လောက်က ကလေးမလေးက တခြားကလေးတွေနဲ့ ဆော့နေချိန် ယာစင်ဆိုတဲ့သူက ခေါ်သွားတယ်။ သူအိမ်မှာ ကတ်ဆက်ကို အကျယ်ကြီးဖွင့်ထားပြီး ကလေးမလေးကို မဖွယ်မရာပြုလုပ်တယ်။ ကလေးမလေးကို အဓမ္မပြုကျင့်ဖို့ အပေါ်တက်ချိန် ကလေးမလေးက အော်ငိုလို့ လူသိမှာစိုးပြီး အိမ်အောက်ကို ဆင်းသွားချိန် ကလေးမလေးက ပြန်ပြေးသွားပြီး သူနဲ့အတူဆော့တဲ့ ကလေးတွေကို ပြောပြလို့ သူ့မိဘတွေသိသွားပြီး စခန်းမှာ လာအမှုဖွင့်တာပါ” လို့ ပြောပါတယ်။

ဗန္ဓုလရပ်ကွက်အုပ်ချုပ်ရေးမှူးက “အခုဖြစ်တဲ့ကိစ္စက ကလေးမလေးတွေနဲ့ တရားခံက အိမ်နီးချင်း ခင်မင်ရင်းနီးတဲ့သူတွေပါ။ ကလေးကို မုန့်ဝယ်ကျွေးမယ်ဆိုပြီး ခေါ်သွားတယ်။ အရက်ဆိုင်မှာ အရက်ဝင်သောက်တယ်။ ပြီးတော့ ကလေးကို အိမ်ခေါ်သွားပြီး အဓမ္မပြု ကျင့်ဖို့ကြံတယ်လို့ သိရတယ်” လို့ပြောပါတယ်။

ဥက္ကံနယ်မြေရဲစခန်းက ယာစင်ကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ-၃၇၆/၅၁၁/၃၇၇ တို့နဲ့ အမှုဖွင့်ထားပြီး အင်းစိန်ထောင်ကို ပို့ထားပါတယ်။

သတင်း-မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013