DVB Logo
Home
မြန်မာသတင်း
အနိမ့်ဆုံး စပါးဈေးနှုန်း သတ်မှတ်ရောင်းချရန် တိုက်တွန်း
DVB
·
November 16, 2012
အနိမ့်ဆုံး စပါးဈေးနှုန်း သတ်မှတ်ရောင်းချရန် တိုက်တွန်း
Donate to DVB

မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်းကနေ ၂၀၁၂ ခုနှစ် မိုးစပါးရောင်းချရမှာ ဧည့်မထ စပါးဈေးကို တစတင်းကို အနိမ့်ဆုံး ၃၃၀၀နဲ့ အထူးဆိုရင် ၃၅၀၀ ကျပ်အထိ ရောင်းချဖို့ တောင်သူလယ်သမားတွေကို တိုက်တွန်း နှိုးဆော်ထားပါတယ်။

မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်းဟာ မြို့နယ် ၁၀၀ ကျော်မှာ အသင်းဝင် ၂ သိန်းရှိတဲ့ လယ်သမားအသင်းလည်းဖြစ်ပါတယ်။

စပါးစိုက်တောင်သူတွေရဲ့ ထုတ်လုပ်မှု စရိတ်အောက် မကျအောင် အခုလို တိုက်တွန်းနှိုးဆော်တာလို့ အသင်းရဲ့ ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောပါတယ်။

“တောင်သူတွေအတွက် ကုန်ကျစရိတ်အောက် ရောက်မှာစိုးလို့ပါ။ စပါးဈေးက အပေါ်ရောက်နေရင် လွတ်လပ်စွာ သူတို့ရောင်းပေါ့။ ဈေးအောက်ရောက်ရင် ကျနော်တို့ကို ဆက်သွယ်ရင် ဈေးအောက်ရောက်ရင် ကုန်ကျစရိတ်မကာမိတာဖြစ်တဲ့အတွက် တောင်သူတွေအနေနဲ့ အရှုံးပေါ်နိုင်တယ်။ ဒါကြောင့် ကျနော်တို့ အသင်းအနေနဲ့ လိုအပ်ရင် ညှိနှိုင်းဆောင်ရွက် ၀ယ်ယူပေးဖို့ စီစဉ်ပေးမယ်။ ကျနော်တို့ ဒိုင်ခံပြီး ၀ယ်ပေးတာဖြစ်လို့ ကျန်တဲ့ ကုန်သည် ပွဲစားတွေကို ရောင်းရင် ဒီအချက်ရမှ ရောင်းဖို့ လိုတာပေါ့။”

စပါးကုန်သည်တွေက တောင်သူလယ်သမားအသင်းက တိုက်တွန်းထားတဲ့ အနိမ့်ဆုံးဈေးနဲ့ မ၀ယ်ဘူးဆိုရင်လည်း တောင်သူလယ်သမားအသင်းက ၀ယ်ယူပေးမယ်လို့လည်း ဒေါက်တာစိုးထွန်းက ဆက်ပြောပါတယ်။

“ကျနော်တို့ကို အကြောင်းကြားရင် အသင်းကနေ ဆန်စပါးအသင်းချုပ်နဲ့ အရန်ဆန်ဝယ်ယူရေး ကော်မတီနဲ့ ညှိနှိုင်းပြီးတော့ ၀ယ်ယူပေးဖို့ လုပ်ပေးမယ်။ အရင်က တောင်သူလယ်သမား အသင်းအဖွဲ့တွေမရှိတော့ ဒီလိုပဲ အဆင်ပြေရာ ဘယ်ဈေးရမှန်းလည်းမသိ ဒီတိုင်းရောင်းနေရတာပေါ့။ ကုန်သည်ပါးစပ်ထဲရှိတဲ့ ဈေးရောင်းနေရတာပေါ့။ အသင်းအဖွဲ့ အင်အားရှိတဲ့အခါကျတော့ ဒီဈေးမှမရရင် ကာဗာလုပ်ပေးမယ်ဆိုပြီး တနည်းအားဖြင့် ကုန်သည်ရယ်၊ စက်ပိုင်ရယ်ကို ပြန်ပြီး တပ်လှန့်လိုက်တာပေါ့။ မင်းတို့ ဒီဈေးမှမရရင် ငါတို့ဝယ်ပေးမယ်ဆိုတာလည်း ပါတာပေါ့။ တောင်သူလယ်သမားတွေအတွက် အားကိုးစရာတခု ရှိသွားတာပေါ့။”
မြန်မာနိုင်ငံတောင်သူလယ်သမားအသင်းကနေ တောင်သူတွေအတွက် ဈေးကွက်နဲ့ ပတ်သတ်ပြီး သတင်းအချက်အလက်တွေကို အချိန်မီပေးပို့ဖို့ စိစဉ်ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013