DVB Logo
Home
မြန်မာသတင်း
အဂတိမှု တရားခံပြေး အယောက် ၂၀ စာရင်း ရဲတပ်ဖွဲ့ထုတ်ပြန်
DVB
·
June 9, 2019
အဂတိမှု တရားခံပြေး အယောက် ၂၀ စာရင်း ရဲတပ်ဖွဲ့ထုတ်ပြန်
1 / 24
Donate to DVB

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူထားတဲ့ တရားခံပြေးတွေကို တွေ့ရှိရင် ဆက်သွယ် အကြောင်းကြားပေးဖို့ ရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးခဲ့တဲ့ အမှုတွေမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅၊ ၅၆၊ ၅၇၊ ၅၉၊ ၅၆/၆၃၊ ၅၇/၆၃၊ ၅၉/၆၃ တို့အရ သက်ဆိုင်ရာရဲစခန်းတွေမှာ အမှုဖွင့်လှစ်ပြီး တရားစွဲဆိုခဲ့တဲ့ အမှုတွေကနေ ထွက်ပြေးတိမ်းရှောင်နေတဲ့ တရားခံပြေးတွေကို တွေ့ရင် အနီးဆုံးရဲစခန်းမှာ ဆက်သွယ် အကြောင်းကြားပေးပါလို့ ဆိုပါတယ်။

သူတို့ရဲ့ ဓာတ်ပုံပါတဲ့ ကိုယ်ရေး အချက်အလက်မှတ်တမ်းတွေကိုလည်း ဖော်ပြထားပြီး စုစုပေါင်း အယောက် ၂၀ ဖြစ်ပါတယ်။

တိမ်းရှောင်နေသူတွေထဲမှာ မြို့နယ်တရားသူကြီး၊ မြို့နယ်ဥပဒေအရာရှိ၊ တွဲဖက်မြို့နယ် တရားသူကြီး၊ ဒုတိယ ခရိုင်တရားသူကြီး၊ တက္ကသိုလ်ပါမောက္ခချုပ်၊ ညွှန်ကြားရေးမှူး၊ တောအုပ်၊ စခန်းမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ ဒု ခရိုင်အုပ်ချုပ်ရေးမှူး၊ မြေစာရင်းဦးစီး စသူတွေ ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းကလည်း အဂတိမှုတရားခံပြေးတွေကို အခုလို ကြေညာခဲ့ဖူးပြီး အဲဒီထဲက တရားခံတွေလည်း ပါနေတာကို တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013