DVB Logo
Home
မြန်မာသတင်း
စက်သုံးဆီသိုလှောင်ဖြန်ဖြူးရေးအတွက် PTT နှင့် ကမ္ဘောဇအုပ်စု ဒေါ်လာသန်း ၂၀၀ ကျော်ဖိုး ရင်းနှီးမြှုပ်နှံ
DVB
·
June 9, 2019
စက်သုံးဆီသိုလှောင်ဖြန်ဖြူးရေးအတွက် PTT နှင့် ကမ္ဘောဇအုပ်စု ဒေါ်လာသန်း ၂၀၀ ကျော်ဖိုး ရင်းနှီးမြှုပ်နှံ
Donate to DVB

စက်သုံးဆီ သိုလှောင်ဖြန်ဖြူးတဲ့ လုပ်ငန်းတွေအတွက် ထိုင်းနိုင်ငံ အခြေစိုက် PTT စက်သုံးဆီလုပ်ငန်းနဲ့ ကမ္ဘောဇအုပ်စုကုမ္ပဏီ တို့ ပူးပေါင်းပြီး အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော် ရင်းနှီးမြှုပ်နှံလိုက်ပါတယ်။

ကမ္ဘောဇအုပ်စု ကုမ္ပဏီလက်အောက်မှာရှိတဲ့ Brighter ကုမ္ပဏီဟာ ထိုင်းနိုင်ငံ အခြေစိုက် စက်သုံးဆီလုပ်ငန်း PTT နဲ့ ပူးပေါင်းပြီးတော့ သီလ၀ါဆိပ်ကမ်းမှာ ဆီသိုလှောင်ကန်တွေနဲ့ ဆီသင်္ဘော ဆိပ်ခံတံတားတွေဆောက်လုပ်ဖို့ ဇွန်လ ၉ ရက်နေ့က ရန်ကုန်မြို့ လော့တေး ဟိုတယ်မှာ သဘောတူစာချုပ်ချုပ်ဆိုခဲ့တာပါ။

ကမ္ဘောဇအုပ်စု အကြီးတန်းအုပ်ချုပ်မှုဒါရိုက်တာ ဦးညိုမြင့်က အဲဒီလုပ်ငန်းတွေအပြင် စက်သုံးဆီ လက်လီအရောင်းဆိုင် ၇၀ ကို ၅ နှစ်အတွင်း ပြည်တွင်းမှာ ဖွင့်လှစ်သွားမှာဖြစ်ပြီး စက်သုံးဆီ သိုလှောင်ကန်တွေဟာ ဂါလန် ၂၅ သန်းဆန့်တဲ့ ကန်တွေဖြစ်ပြီးတော့ မြန်မာနိုင်ငံရဲ့ ဈေးကွက် ၁၇ ရာခိုင်နှုန်းကို ဖူလုံအောင် ရောင်းချသွားမယ်။  ဈေးကွက်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ ဒေါ်လာဈေးကြောင့် စက်သုံးဆီဈေးအပေါ် သက်ရောက်မှုတွေကို ရင်ဆိုင်နိုင်အောင် ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။

စက်သုံးဆီသိုလှောင်ကန်တွေအပြင် LPG မီးဖိုချောင်သုံးဓာတ်ငွေ့ အရည်ကန်တွေလည်း ၂၀၂၁ ခုနှစ်အတွင်း အပြီးပူးတွဲတည်ဆောက်သွားမှာဖြစ်ပြီးတော့ လက်လီရောင်းချတဲ့ ဈေးကွက်ကိုလည်း ပူးတွဲတည်ထောင်သွားမယ်လို့ ဆိုပါတယ်။ စက်သုံးဆီဆိုင်တွေမှာ ကော်ဖီဆိုင်၊ မီနီမားကတ်နဲ့ ငွေလဲကောင်တာတွေပါ ပူးတွဲပါဝင်မယ်လို့ ဆိုပါတယ်။

ဒီစီမံကိန်းဟာ မြန်မာနိုင်ငံရဲ့ စက်သုံးဆီ လိုအပ်ချက်ကိုဖြည့်ဆည်းဖို့ ဆောင်ရွက်ပေး နိုင်တာဟာ စီးပွားရေး တည်ငြိမ်မှုကို အထောက်အကူဖြစ်စေတယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

စက်သုံးဆီနဲ့ LPG ဓာတ်ငွေ့အရည်သိုလှောင်ကန်နဲ့ ဆိပ်ခံတံတားတွေ တည်ဆောက်ဖို့ ဒေါ်လာ ၁၈၅ သန်းနဲ့ လက်လီအရောင်းကဏ္ဍအတွက် ဒေါ်လာ ၂၆ သန်း ရင်းနှီးမြှုပ်နှံထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013