DVB Logo
Home
မြန်မာသတင်း
ဗန်း​မော်​တင်​​အောင်​ ရာပြည့်အကြို အခမ်းအနား ကျင်းပ (ဓာတ်ပုံ)
DVB
·
June 9, 2019
ဗန်း​မော်​တင်​​အောင်​ ရာပြည့်အကြို အခမ်းအနား ကျင်းပ (ဓာတ်ပုံ)
1 / 7
Donate to DVB

စာ​ရေးဆရာ သတင်းစာဆရာ ပြည်​သူ့စာ​ဆို ဗန်း​မော်​တင်​​အောင်​ ရာပြည့်အကြို အခမ်းအနားကို ဇွန်​လ ၉ ရက်​ မနက်​က ရန်​ကုန်​မြို့ ၃၇ လမ်းရှိ စာ​ပေဗိမာန်​မှာ ကျင်းပပါတယ်​။

အခမ်းအနားကို ဗန်း​မော်​တင်​​အောင်​ရဲ့ စာ​ဖတ်​ပရိသတ်​​တွေ၊ စာ​ပေ​လောကသား​တွေ၊ နိုင်​ငံ​ရေးလှုပ်​ရှားသူ​တွေ တက်​​ရောက်​ကြပြီး ဆရာဗန်း​မော်​တင်​​အောင်​အပါအဝင်​ ကွယ်​လွန်​သွားခဲ့ကြတဲ့ နိုင်​ငံ​ရေးအကျဉ်းသား​​တွေအတွက်​ ၈ စက္ကန့်​ငြိမ်​သက်​ ဂါရဝပြု ဂုဏ်​ပြုခဲ့ကြပါတယ်​။

ဒါ့အပြင်​ ဆရာဗန်း​မော်​တင်​​အောင်​ရဲ့ စာ​ပေနဲ့ နိုင်​ငံ​ရေးဖြတ်​သန်းမှု​တွေကို မိသားစုဝင်​​တွေ၊ စာ​ရေးကဗျာဆရာ​တွေ၊ ကိုကိုးကျွန်းပြန်​ နိုင်​ငံ​ရေးသမား​တွေက အမှတ်​တရ​ပြောကြားကြပါတယ်​။

ဆရာဗန်း​မော်​တင်​​အောင်​ကို ၁၉၂၀ ပြည့်​နှစ်​က ပဲခူးမြို့မှာ ​မွေးဖွားခဲ့ပြီး မဟာ​အောင်​ က​လောင်​အမည်​နဲ့ ဝထ္တုစတင်​​ရေးသားကာ စာ​ပေ​လောကကို ဝင်​​ရောက်​ခဲ့ပါတယ်​။ ၁၉၄၇ခုနှစ်​မှာ ဘုန်း​မောင်​တ​ယောက်​ထဲရယ်​ ဝထ္တုနဲ့ နာမည်​​ကျော်​ကြားခဲ့ပါတယ်​။

ဆရာဗန်း​မော်​တင်​​အောင်​ဟာ ဘဝတ​လျောက်​ သတင်းစာ​တွေ၊ ဂျာနယ်​​တွေမဂ္ဂဇင်း​တွေမှာ ​ဆောင်းပါး​တွေ၊ ဝထ္တု​တွေ အများအပြား​ရေးသားခဲသြလို လင်းယုန်​ဂျာနယ်​နဲ့ သတင်းစာကို ထုတ်​​ဝေခဲ့တဲ့ သတင်းစာဆရာ တဦးလည်းဖြစ်​ပါတယ်​။

စစ်​အာဏာရှင်​ကို ဆန့်​ကျင်​တဲ့ စာ​ရေးသားထုတ်​​ဝေမှု ​တွေ​ကြောင့် ၁၉၆၅ ခုနှစ်​က​နေ ၁၉၇၂ ခုနှစ်​အထိ ကိုကိုးကျွန်းနဲ့ အင်းစိန်​​ထောင်​​တွေမှာ နိုင်​ငံ​ရေးအကျဉ်းသားအဖြစ်​ အကျဉ်းကျခံခဲ့ရပါတယ်​။

ဆရာ ဗန်း​မော်​တင်​​အောင်​ဟာ ၁၉၇၈ခုနှစ်​ ​အောက်​တိုဘာ ၂၃ ရက်​က ရန်​ကုန်​ပြည်​သူ့​ဆေးရုံကြီးမှာ ကင်ဆာ​ရောဂါနဲ့ ကွယ်​လွန်​သွားခဲ့တာပါ။

ဆရာ မကွယ်​လွန်​ခင်​ သား​တွေကို မှာကြားခဲ့ဖူးတဲ့ "လူတ​ယောက်​ရဲ့ တန်​ဖိုးဟာ သူဖြတ်​သန်း​ကျော်​လွှား​နေတဲ့ ​ခေတ်​ကြီးက သူ့ပုခုံး​ပေါ် တင်​​ပေးလိုက်​တဲ့ သမိုင်းတာဝန်​ကို သူဘယ်​​လောက်​ သယ်​ပိုး ထမ်းဆာင်​ခဲ့တယ်​ဆိုတဲ့ အချက်​နဲ့ တိုင်းတာရမှာပဲ" ဆိုတဲ့ စကားဟာ လူသိများထင်​ရှားပါတယ်​။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013