DVB Logo
Home
မြန်မာသတင်း
အမျိုးသမီးတဦးသေဆုံးမှု ၇ လကျော်ကြာမှ လူသတ်မှုဖြင့် ပြောင်းလဲအမှုဖွင့်
DVB
·
June 9, 2019
အမျိုးသမီးတဦးသေဆုံးမှု ၇ လကျော်ကြာမှ လူသတ်မှုဖြင့် ပြောင်းလဲအမှုဖွင့်
Donate to DVB

သာမန်​ သေမှု​သေခင်းနဲ့ အမှုဖွင့်ထားတဲ့  ချမ်းမြသာစည်မြို့နယ်က အမျိုးသမီးတဦး သေဆုံးမှုကို ၇ လကျော်ကြာမှ လူသတ်မှုနဲ့ ပြောင်းလဲအမှုဖွင့်လိုက်တယ်လို့ ရဲက ပြောပါတယ်။

မန္တ​လေးမြို့၊ချမ်းမြသာစည်​မြို့နယ်​၊ ကျွန်းလုံးဥ​သျှောင်​ရပ်​ကွက်၊ မဟာမုနိဘုရားကြီး​ မြောက်​ဘက်​တိုက်​တန်း၊ အခန်း ၇ မှာ ​နေထိုင်​တဲ့ အမျိုးသမီးတ​ဦး​ဟာ ၂၀၁၈ ခုနှစ်​၊ နိုဝင်​ဘာလ ၈ ရက်​​နေ့ကေ​ရချိုးခန်းအတွင်း ​သေဆုံး​ခဲ့တာပါ။

ဒီအမှုနဲ့ ပတ်သက်ပြီး ချမ်းမြသာစည်​မြို့မရဲစခန်းမှာ ​သေမှု​သေခင်းအမှတ်​စဉ်​ ၉/၂၀၁၈ နဲ့ အမှု ​ရေးဖွင့်​စစ်​​ဆေးခဲ့ရာက သေဆုံးမှုကို စစ်ဆေးတဲ့ ​ဆေးစာမှာ တ​စုံတ​ဦးရဲ့ ပြုလုပ်​မှု​ကြောင့်​ ​သေဆုံးတာဖြစ်​​တယ်လို့ သိရှိရတဲ့အတွက် ဇွန်​လ ၇ ရက်​​နေ့က လူသတ်​မှုပုဒ်​မနဲ့ ​ပြောင်းလဲ အမှုဖွင့်လှစ် စစ်ဆေးနေတယ်လို့ ချမ်းမြသာစည် မြို့မရဲစခန်းမှ ခေတ္တစခန်းမှူး ရဲအုပ်ကျော်ကျော်ဦးက ပြောပါတယ်။

"ဆေးစာမရှင်းလင်းတဲ့အတွက် ဆုံးဖြတ်ရခက်ခဲနေလို့ နောက်ထပ် ပြန်မေးရတဲ့အတွက် နည်းနည်းကြန့်ကြာသွားတယ်။ မှုခင်းဆရာဝန်နဲ့ ဆွေးနွေးပြီးတော့ လူသတ်မှုနဲ့ ဖွင့်သင့်တယ် ထင်လို့ ဖွင့်လိုက်တာ။''

သေဆုံးသူဟာ ဦး​ခေါင်းနဲ့ လည်​ပင်းမှာ ရရှိထားတဲ့ ဒဏ်​ရာတွေကြောင့် ​သေဆုံးခဲ့တာ လို့ မှုခင်းဆရာဝန်​ကြီးက မှတ်​ချက်​ပြုထားပြီး ရင်​ခွဲစစ်​​ဆေးချက်​မှတ်​တမ်းအား ထပ်​မံ​တောင်းခံကြည့်​တဲ့အခါ ယာချို​စောင်းပိုင်းနဲ့ ဦး​နှောက်​ငယ်​တို့မှာ ဦး​နှောက်​အ​မှေး​အောက်​ ​သွေးယိုစီးထားတာ၊ လည်​ပင်းဝဲဘက်​ခြမ်းမှာရှိတဲ့ ကြွက်​သားတွေမှာ ​သွေး​ချည်ဥဒဏ်​ရာ တွေ့ရှိတာ၊ ၀ဲ/ယာ​မေးရိုး​အောက်​​ခြေ​ သွေး​ချည်ဥဒဏ်​ရာတွေ ​တွေ့ရှိခဲ့တဲ့အတွက်​ မှုခင်းဆရာဝန်​ရဲ့ သုံးသပ် ​ပြောကြားချက်​အရ တ​စုံတ​ဦးရဲ့ ပြုလုပ်​မှု​ကြောင့်​ ရရှိ​တဲ့ ဒဏ်​ရာတွေနဲ့ ​သေဆုံးခဲ့ရတာကို ထပ်မံတွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

အခုလို စစ်ဆေးတွေ့ရှိရတဲ့အတွက် ချမ်းမြသာစည်​မြို့မရဲစခန်းမှ ခေတ္တစခန်းမှူး ရဲအုပ်​ ​ကျော်​​ကျော်​ဦးက တရားလို ပြုလုပ်ပြီး (ပ)၃၈၆/၂၀၁၉၊ ရာဇသတ်​ကြီးဥပ​ဒေပုဒ်​မ ၃၀၂ အရချမ်းမြသာစည် ရဲစခန်းမှာပဲ ​ပြောင်းလဲအမှုဖွင့်လှစ်ထား​ပါတယ်။ အဆိုပါအမှုနဲ့ ပတ်သက်လို့ အသေးစိတ်၊အခြေခံက စပြီး ပြန်လည်စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

ထိန်ထိန်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013