DVB Logo
Home
အာရှဒေသ
ဖိလစ်ပိုင်က လိင်ပညာပေးရေးအစီအစဉ်မှာ သမ္မတက ဘုရားကျောင်းတွေကို အသာစီးရ
DVB
·
November 16, 2012
ဖိလစ်ပိုင်က လိင်ပညာပေးရေးအစီအစဉ်မှာ သမ္မတက ဘုရားကျောင်းတွေကို အသာစီးရ
Donate to DVB

ဖိလစ်ပိုင်မှာ နာရီတိုင်းမှာ ကလေး အယောက် ၂၀၀ နှုန်းနဲ့ မွေးဖွားနေပါတယ်။ ဆယ်ကျော်သက်အရွယ်နဲ့ မိခင်ဘ၀ရောက်သွားတာတွေကလည်း တစစ များလာနေပါတယ်။ တချို့ဆိုရင် အသက် ၁၃ နှစ်အရွယ်မှာပဲ ကလေးအမေတွေ ဖြစ်သွားကြပါတယ်။ ဒါကြောင့် အစိုးရအစီအစဉ်နဲ့ ပဋိသန္ဓေတားဆီးရေးနဲ့ ကျောင်းတွေမှာ မသင်မနေရ လိင်ပညာရေးဘာသာရပ်တွေ သင်ဖို့ ဖိလစ်ပိုင်က အမတ်တွေက ဥပဒေကြမ်းတင်ပြလာတာ ၁၀ စုတခုတောင် ကျော်လာပါပြီ။

ရိုမန်ကက်သလစ် ခရစ်ယာန်ကျောင်းတော်တွေက ကန့်ကွက်နေတာကြောင့် အစီအစဉ် မအောင်မြင်ခဲ့ဘူး။ ဒီတကြိမ်မှာတော့ သမ္မတကိုယ်တိုင်က ခရစ်ယာန်ကျောင်းတွေကို အာခံပြီး ဥပဒေကြမ်းကိုထောက်ခံလာတာကြောင့် အမတ်တွေလည်း ဥပဒေကြမ်းအတည်ပြုနိုင်ဖို့ မျှော်လင့်နေပါတယ်။ ဒီအကြောင်း ဩစတြေးလျ နတ်ဝေါ့ခ်က သတင်းထောက် ကက်ရှာဝက်က မနီလာကနေ သတင်းဆောင်းပါး ပေးပို့ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013