DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည် ဟန်ဂေရီနိုင်ငံမှ ပြန်လည်ရောက်ရှိ (ဓာတ်ပုံ)
DVB
·
June 9, 2019
ဒေါ်အောင်ဆန်းစုကြည် ဟန်ဂေရီနိုင်ငံမှ ပြန်လည်ရောက်ရှိ (ဓာတ်ပုံ)
Donate to DVB

ဟန်ဂေရီနိုင်ငံ ဘူဒါပတ်စ်မြို့ကို အလုပ်သဘောခရီးစဉ် သွားရောက်ခဲ့တဲ့ နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဇွန် ၇ ရက် ဒေသစံတော်ချိန် ၁၁ နာရီ ၄၅ မိနစ်က ဘူဒါပတ်စ်မြို့ကနေ နေပြည်တော်ကို လေကြောင်းခရီးနဲ့ ပြန်လည်ထွက်ခွာခဲ့ပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အဖွဲ့အား ဟန်ဂေရီနိုင်ငံခြားရေးနဲ့ ကုန် သွယ်ရေးဝန်ကြီးဌာန State Secretary Dr. Csaba BALOGH ၊ ဟန်ဂေရီနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးအေး၊ မြန်မာနိုင်ငံဆိုင်ရာ ဟန်ဂေရီနိုင်ငံသံအမတ်ကြီး Mr. Szilveszter Bus နဲ့ ဟန်ဂေရီနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ တာဝန်ရှိသူတွေ ပို့ဆောင်နှုတ်ဆက်ခဲ့ပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့အဖွဲ့ဟာ ဇွန် ၈ ရက်နေ မနက် ၆ နာရီခွဲ ထိုင်းနိုင်ငံရောက်ရှိခဲ့ပြီး မြန်မာသံအမတ်ကြီး ဦးမျိုးမြင့် သန်းနဲ့ သံရုံးတာဝန်ရှိသူတွေက ဘန်ကောက်မြို့ သုဝဏ္ဏဘူမိအပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ကြိုဆိုနှုတ်ဆက်ခဲ့ကြပါတယ်။ ဒီနောက် ဘန်ကောက်မြို့မှတဆင့် နေပြည်တော်ကို မနက် ၉ နာရီခွဲမှာ ပြန်လည်ရောက်ရှိခဲ့တာပါ။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ချက်နဲ့ ဟန်ဂေရီနိုင်ငံတို့ကို တရားဝင်ခရီးစဉ်နဲ့ အလုပ်သဘောခရီးစဉ်အဖြစ် သွားရောက်တာ ဖြစ်ပါတယ်။

ဓာတ်ပုံ - အတိုင်ပင်ခံရုံး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013