DVB Logo
Home
မြန်မာသတင်း
သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် ၂၀၂၀ ရွေးကောက်ပွဲ ၀င်ပြိုင်မည်
DVB
·
June 9, 2019
သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည် ၂၀၂၀ ရွေးကောက်ပွဲ ၀င်ပြိုင်မည်
Donate to DVB

လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ၀င်ရောက်ယှဉ် ပြိုင်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပြောခွင့်ရ ဒေါက်တာမျိုးညွှန့်က ပြောပါတယ်။

“၂၀၂၀ မှာ ရွေးကောက်ခံဖို့ဆိုတာ ဒါကတော့ ကျနော်တို့ ၀င်ရောက်အရွေးခံမှာပါ။ ဘာလို့လဲဆိုတော့ အင်မတန်အရည်အချင်းရှိတဲ့ လူတွေဆက်ပြီးတော့ တိုင်းပြည်အတွက် သူတို့ရဲ့ လုပ်အားကို ယူရမယ်။ နိုင်ငံတော်သမ္မတကြီးရော၊ နိုင်ငံတော်အတိုင်ပင်ခံရော ဆက်ပြီးတော့ ရွေးကောက်ခံမှာပါ။”

ဒါ့အပြင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အစွမ်းကုန်ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

ဇွန်လ ၈ ရက်နေ့က နေပြည်တော်မှာရှိတဲ့ စည်ပင်ဧည့်ရိပ်သာ ၂ ၀န်းအတွင်းက စားရိပ်သာ ခန်းမမှာ အန်အယ်လ်ဒီပါတီရဲ့ လစဉ်ပုံမှန် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးအပြီးမှာ သတင်းမီဒီယာတွေမေးမြန်းမှုကို ဖြေကြားခဲ့တာပါ။

အစည်းအဝေးမှာတော့ ပါတီအတွင်းကိစ္စတွေ၊ ပါတီရေးရာအဖွဲ့ ဖွဲ့စည်းခြင်းကိစ္စတွေ၊ ပါတီရုံး တိုးချဲ့ဖွင့်လှစ်တာတွေနဲ့ ပါတီစည်းကမ်းထိန်းသိမ်းရေးကနေ တင်ပြလာတဲ့ တိုင်ကြားစာ ၂၄ စောင်ထဲက ၃ စောင်ကို အရေးယူဖို့ ဆွေးနွေးဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ သမ္မတ ဦးဝင်းမြင့်က တာမွေမြို့နယ်နဲ့ ဒေါ်အောင်ဆန်းစုကြည်က ကော့မှူးမြို့နယ် ကိုယ်စားလောင်းတွေအဖြစ် ၀င်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့တာပါ။ လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလအတွင်း ပြုလုပ်ဖွယ်ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013