DVB Logo
Home
မြန်မာသတင်း
မြန်မာ့ပဲ အိန္ဒိယနိုင်ငံကို ရက်ပိုင်းအတွင်း တင်ပို့နိုင်တော့မည်
DVB
·
June 8, 2019
မြန်မာ့ပဲ အိန္ဒိယနိုင်ငံကို ရက်ပိုင်းအတွင်း တင်ပို့နိုင်တော့မည်
Donate to DVB

အိန္ဒိယနိုင်ငံကို မြန်မာပဲတွေ အခုရက်ပိုင်းအတွင်း စတင်ပို့နိုင်တော့မယ်လို့ မြန်မာနိုင်ငံ ပဲနှမ်းအသင်းက ပြောပါတယ်။

အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံအကြား ကိုယ်တာစနစ်နဲ့ ပဲတင်ပို့ဖို့အတွက် ပဲတန်ချိန် ငါးသိန်းသဘာတူညီချက် ရရှိထားပါတယ်။

မေလအတွင်းမှာ အိန္ဒိယနိုင်ငံရဲ့ ရွေးကောက်ပွဲရှိနေတာကြောင့် ပဲတင်ပို့ဖို့ကိစ္စဟာ ခေတ္တရပ်နားသွားခဲ့ပါတယ်။

လက်ရှိမှာ အိန္ဒိယအစိုးရသစ်ကို ဖွဲ့စည်းပြီးပြီဖြစ်တာကြောင့် ပဲအရောင်းအ၀ယ်တွေ ပြန်လုပ်ဖို့ အိန္ဒိယနိုင်ငံဘက်မှာ ပြင်ဆင်မှုတွေ စတင်နေပါတယ်။

အိန္ဒိယဘက်က စတင်ဝယ်ယူတာနဲ့ မြန်မာပြည်ကရောင်းချပေးဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပဲနှမ်းအသင်းအတွင်းရေးမှူး ဦးမင်းကိုဦးက ပြောပါတယ်။

မြန်မာပြည်အတွက်ကိုတာ ပဲတန်ချိန် ၅ သိန်းမှာ ပဲတီစိန်းနဲ့မတ်ပဲတန်ချိန် ၃ သိန်းနဲ့ ပဲစင်းငုံတန်ချိန် ၂ သိန်း သတ်မှတ်ထားပါတယ်။

လက်တလော ပဲဈေးကွက်မှာ မတ်ပဲတစ်တန်ကို ရှစ်သိန်းလေးသောင်း၊ မတ်ပဲ SQတစ်တန်ကို ဆယ်သိန်းငါးသောင်း၊ ပဲစင်းငုံဟောင်းတစ်တန်ကို ကိုးသိန်းလေးသောင်းနဲ့ ပဲစင်းငုံအသစ်တစ်တန်ကို ဆယ်သိန်းသုံးသောင်းလောက် ပေါက်ဈေးရှိနေတယ်လို့ ဘုရင့်နောင် ကုန်စည်ဒိုင်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013