DVB Logo
Home
မြန်မာသတင်း
လက်ဖက်ရည်ဆိုင်အတွင်း အုပ်စုဖွဲ့ဓားခုတ်မှုကျူးလွန်သူများကို မြိတ်ရဲတပ်ဖွဲ့ ဖမ်းဆီး
DVB
·
June 8, 2019
လက်ဖက်ရည်ဆိုင်အတွင်း အုပ်စုဖွဲ့ဓားခုတ်မှုကျူးလွန်သူများကို မြိတ်ရဲတပ်ဖွဲ့ ဖမ်းဆီး
Donate to DVB

တနင်္သာရီတိုင်း မြိတ်မြို့မှာ လက်ဖက်ရည်ဆိုင်အတွင်း ဝင်ရောက်ပြီး အုပ်စုဖွဲ့ဓားခုတ်မှု ကျူးလွန်သူတွေကို ရဲတပ်ဖွဲ့က ၄၈ နာရီအတွင်း ဖမ်းဆီးရမိတယ်လို့ မြို့မရဲစခန်းက ပြောပါတယ်။

မြိတ်မြို့၊ သာကေတရပ်၊ သဲကွင်း ၂ လမ်းရှိ ဧဒင်လက်ဖက်ရည်ဆိုင်တွင်း ဇွန်လ ၄ ရက်နေ့၊ ည ၈ နာရီလောက်က အုပ်စုဖွဲ့ဓားခုတ်မှုဖြစ်ပွားတာကြောင့် အောင်မြတ်ဦး၊ စိုးသူ(ခ)ငယ်လေးတွင် ကျော်စိုးမင်းနဲ့ ချစ်တိုးတိုးဖြိုးတို့ ပြတ်ရှဒဏ်ရာတွေ အသီးသီးရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဖြစ်စဉ်အား မြို့မရဲတပ်ဖွဲ့က စုံစမ်းရှာဖွေရာ ဇွန် ၆ ရက်နေ့မှာ ရေပုန်းနယ်မြေတွင်းမှ အုပ်ပိုင်စိုး(ခ)နောင်ပိုး၊ ပြည့်ဖြိုးဝေ(ခ)ဆေးခါး ရဲမွန်ထွေး(ခ)ရဲရဲ၊ ဇော်ပိုင်လင်း နေမြတ်ဦး၊  ဇော်ပိုင် တို့ကို ဖမ်းဆီးရမိပြီး ဇွန်လ ၇ ရက်နေ့မှာ ပုဂံကြီးကို ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။

"ဓားခုတ်မှုမှာပါဝင်တဲ့ တရားခံတချို့ကို ဇွန်လ ၆ ရက်နေ့မှာ ပြစ်မှုကျူးလွန်တဲ့အချိန်က အသုံးပြုတဲ့ သက်သေခံပစ္စည်းတွေနဲ့အတူ ၆ ယောက်မိတယ်။ ၇ ရက်နေ့မှာ ၁ ယောက် ထပ်မိတယ်။ လောလောဆယ် ၇ ယောက်မိထားတယ်။ ဒီနေ့ ရမာန်ယူပြီးရင် စစ်ဆေးပါမယ်။ ကျန်တဲ့တရားခံတွေကို ဖမ်းဆီးမိဖို့အတွက် စုံစမ်းစစ်ဆေးနေပါတယ်" လို့ မြို့မရဲစခန်း တာဝန်မှူးက ပြောပါတယ်။

ဓားခုတ်မှုကျူးလွန်သူတွေကို မြိတ်မြို့မရဲစခန်းက (ပ)၁၆၂၇/၂၀၁၉ ၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ /၃၂၄ / ၁၁၄ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

မြတ်ထွဋ် (မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013