DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာခရိုင်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ ၇၉၉၁ ဦးရှိ
DVB
·
June 8, 2019
မိတ္ထီလာခရိုင်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ ၇၉၉၁ ဦးရှိ
Donate to DVB

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်မှာ ဒီနေ့မှာ ထွက်ရှိတဲ့ တက္ကသိုလ်ဝင်တန်း အောင်စာရင်းအရ အောင်မြင်သူ ၇၉၉၁ ဦး ရှိပါတယ်။

ဒုပညာရေးမှူးဦးကျော်မြင့်က “တခရိုင်လုံးအနေနဲ့ စာမေးပွဲ ဖြေဆိုသူ ၁၉ဝဝဝ ကျော် ရှိတယ်။ အောင်မြင်သူက ၈ ထောင်နီးပါးပေါ့။ ရာခိုင်နှုန်းအားဖြင့်တော့ ၄၁ ရာခိုင်နှုန်းလောက် အောင်ကြတယ်” လို့ပြောပါတယ်။

တခရိုင်လုံးမှာ အောင်ချက်ရာခိုင်နှုန်း အကောင်းဆုံးက မလှိုင်မြို့နယ်ဖြစ်ပါတယ်။ ၄၉ ရာခိုင်နှုန်းကျော် ၂၄၈၀ ဦး အောင်မြင်ပါတယ်။ ဘာသာစုံဂုဏ်ထူးရှင် ၇၈ ဦးရှိပါတယ်။ မိတ္ထီလာက ၄၁ ရာခိုင်နှုန်း ၂၉၇၆ ဦး အောင်မြင်ပြီး ဘာသာစုံ ဂုဏ်ထူးရသူ ၃ ဦးရှိပါတယ်။

ဝမ်းတွင်းမြို့က ၁၅၃၁ ဦး အောင်မြင်ပြီး ၃၈ ဒသမ ၃၅ ရာနှုန်း အောင်မြင်ပါတယ်။ သာစည်က ၁၀၀၄ ယောက် အောင်မြင်ပြီး ၃၁ ဒသမ ၈၄ ရာနူန်း ရှိပါတယ်။

တခရိုင်လုံးအနေနဲ့ ၆ဘာသာ ဂုဏ်ထူးရသူပေါင်း ၈၁ ဦးရှိပါတယ်။ ၅ ဘာသာ ဂုဏ်ထူးရသူ ၂၁၇ ဦး၊ ၄ဘာသာ ၂၀၃ ဦး၊ ၃ ဘာသာ ဂုဏ်ထူး ၁၈၂ ဦး ၂ဘာသာ ၂၃၂ဦး နဲ့ ၁ဘာသာ ၇၁၆ ဦး တို့ ဂုဏ်ထူးရကြပါတယ်။

တက္ကသိုလ်ဝင်တန်း ကျောင်းတက်စာရင်း ၂၁ဝဝဝ လောက်ရှိခဲ့ပြီး ဖြေဆိုသူ ၁၉ဝဝဝ ကျော်ရှိခဲ့တာပါ။ စာမေးပွဲ မဖြေသူ ကျောင်းသား ၂ ထောင်ကျော် ရှိပါတယ်။

သတင်း-မောင်မောင်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013