DVB Logo
Home
မြန်မာသတင်း
ကယားပြည်နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူ ၂၀၆၆ ဦးရှိ
DVB
·
June 8, 2019
ကယားပြည်နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူ ၂၀၆၆ ဦးရှိ
Donate to DVB

ဒီနေ့ထုတ်ပြန်လိုက်တဲ့ ကယားပြည်နယ် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်မှာ အောင်မြင်သူ ၂၀၆၆ ဦးရှိပြီး ဂုဏ်ထူးထွက်သူ စုစုပေါင်း ၄၆၄ ဦး ရှိတယ်လို့ ပြည်နယ်ပညာရေးမှူးရုံးက ပြောပါတယ်။

ကယားပြည်နယ်အတွင်း ၂၀၁၈-၁၉ ခုနှစ်ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင် စာမေးပွဲကို စာစစ်ဌာန ၁၉ ခုကနေ ကျောင်းသူ၊ ကျောင်းသားပေါင်း ၇၃၈၈ ဦး ၀င်ရောက်ဖြေဆိုခဲ့ရာ ၂၀၆၆ ဦး ဖြေဆိုအောင်မြင်ခဲ့တယ်လို့ ပြည်နယ်ပညာရေးမှူးရုံးက ပြောပါတယ်။

တပြည်နယ်လုံး အတိုင်းအတာနဲ့ ၅ ဘာသာဂုဏ်ထူး ၁ ဦးထွက်ရှိပြီး ၄ ဘာသာ ဂုဏ်ထူး ၃ ယောက်၊ ၃ ဘာသာ ဂုဏ်ထူး ၃၂ ဦး ထွက်ရှိကြောင်းလည်း စီမံကိန်းကြီးကြပ်အကဲဖြတ်ဌာန  ဒုကြီးကြပ်ရေးမှူး ဒေါ်အေးနန္တာဦးက ပြောပါတယ်။

“အောင်မြင်တာက ၂၀၆၆ ပါရှင်၊ ရာခိုင်နှုန်းအားဖြင့် ၂၇.၉၆ ပါရှင့်။ ကျမတို့အခုဆိုလို့ရှိရင် (5D) တယောက်ထွက်ပါတယ်။ (4D) က သုံးယောက်ပါ။ 3D က ၃၂ ယောက်ပါ။ 2D က ၆၃ ယောက်ပါ။ 1D က ၃၆၅ ယောက်ပါရှင့်။ ဂုဏ်ထူးထွက်စုစုပေါင်းက ၄၆၄ ယောက်ပါရှင်။”

၅ ဘာသာဂုဏ်ထူးရှင်က လွိုင်ကော် အထက ၂ က မငုဝါအောင်ဖြစ်တယ်လို့လည်း ပြောပါတယ်။

၂၀၁၈-၁၉ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ လွိုင်ကော်အကျဉ်းထောင်ကနေ စာမေးပွဲဖြေဆိုသူ ၄ ဦးရှိခဲ့ပေမယ့် အောင်မြင်ခြင်းမရှိခဲ့ပါဘူး။

ကယားပြည်နယ်က စာစစ်ဌာနတွေကတော့ လွိုင်ကော်မြို့နယ်မှာ ၁၀ ခု၊ ရှားတောမှာ ၁ ခု၊ ဒီမော့ဆိုမြို့နယ်မှာ ၄ ခု ဖရူဆိုမြို့နယ် ၁ ခု၊ ဘောလခဲမှာ ၁ ခု၊ ဖားဆောင်းမြို့နယ်မှာ ၁ ခု၊ မယ်စဲမြို့နယ်မျာ ၁ ခု အားလုံး ၁၉ ခုကနေ စာမေးပွဲဝင်ရောက်ဖြေဆိုဖို့ စာရင်းပေးထားသူပေါင်း  ၇၇၉၁ ဦးရှိခဲ့ပေမယ့် ၇၃၈၈ ဦးသာ ဖြေဆိုခဲ့ပါတယ်။

ကယားပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ အယောက် ၆၆၄၀ မှာ ၁၆၇၀ ယောက်အောင်မြင်ခဲ့လို့ အောင်ချက် ၂၅.၂၃ ရာခိုင်နှုန်းရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013