DVB Logo
Home
မြန်မာသတင်း
ရွှေ့ပြောင်းမြန်မာကျောင်းသားအချို့Tablet ကွန်ပျူတာ အခမဲ့ရရှိ
DVB
·
November 15, 2012
ရွှေ့ပြောင်းမြန်မာကျောင်းသားအချို့Tablet ကွန်ပျူတာ အခမဲ့ရရှိ
1 / 3
Donate to DVB

ထိုင်းပညာရေးဝန်ကြီးဌာနကနေတဆင့် မူလတန်းကျောင်းသားတွေအတွက် စာသင်ခန်းသုံး တက်ဘလက် (Tablet) ကွန်ပျုတာတွေကို လက်ဝယ်အရောက် အခမဲ့ပေးဝေတဲ့ အစီအစဉ် ပြုလုပ်နေရာမှာ ရွှေ့ပြောင်းမြန်မာ ကျောင်းသူကျောင်းသားတချို့လည်း တက်ဘလက် ကွန်ပျူတာ ရရှိကြပါတယ်။

ထိုင်းဝန်ကြီးချုပ် ယင်လတ်ရှင်နာဝတ်ရဲ့ ပညာရေးအထောက်အကူပြု အစီအစဉ်အရ  ထိုင်းနိုင်ငံတွင်းက ပထမတန်း ကျောင်းသူ ကျောင်းသားတွေကို အဆိုပါ တက်ဘလက်ကွန်ပျုတာတွေ အခမဲ့ဝေပေးနေတာ ဖြစ်ပြီး  ထိုင်းကျောင်းနဲ့ မြန်မာကျောင်းအကြား school with school ကျောင်းချင်းချိတ်ဆက်ထားမှုအရ ရွှေ့ပြောင်းကျောင်းသူ ကျောင်းသားတချို့လည်း ရရှိကြတာဖြစ်ပါတယ်။

မဲဆောက်မြို့မှာရှိတဲ့ ရွှေ့ပြောင်းမြန်မာ ကျောင်းသူ ကျောင်းသား ၃၀ ဒီနေ့  တက်ဘလက်ကွန်ပျူတာတွေကို ရရှိကြတယ်လို့ မဲဆောက်မြို့ စီဒီစီ ကျောင်းအုပ်ဆရာကြီး ဆရာရွှေနှင်းက ပြောပါတယ်။

“တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ ပထမတန်းကလေးတွေကို သူတို့က ဝေငှတာ။ ကျနော်တို့ကျောင်းအနေနဲ့ School with school အစီအစဉ်လုပ်ထားတဲ့အထဲ ပါတာက အယောက် ၁၂၀ မှာ ၁ တန်းကလေးက အယောက် ၃၀ ပါလို့ အယောက် ၃၀စာတော့ ရတယ်။ အထောက်အကူကျတော့ နည်းပညာနဲ့ပေါင်းစပ်တာတော့ ပါတာပေါ့။ ဘာသာအားဖြင့်လည်း ထိုင်းလို၊ အင်္ဂလိပ်လို ထည့်ထားတယ်။ ထိုင်းသင်ရိုးညွှန်းတမ်းအရ လိုအပ်တဲ့ သတ်မှတ်ထားတဲ့ သင်ရိုးညွှန်းတမ်းထဲက ဘာသာစုံလည်း ထည့်သွင်းထားတယ်။ အဲမှာ ကလေးတွေအလွယ်တကူ ဖွင့်ကြည့်နိုင်အောင်လည်း စီမံထားတယ်။ သင်ကြားရေးအတွက် အထောက်အကူပြုတဲ့ပစ္စည်းလို့ ယူဆပါတယ်။”

ရွှေ့ပြောင်းမြန်မာစာသင်ကျောင်းတကျောင်းမှ ကျောင်းသူကျောင်းသား ၆၆ ဦးလည်း ကွန်ပျူတာရရှိခဲ့ပါတယ်။

ကျောင်းသားတွေကို ကွန်ပျူတာ ပေးအပ်တဲ့ ဒီအခမ်းအနားမှာ ကျောင်းသားမိဘတွေကိုလဲ ဖိတ်ကြားပြီး တက်ဘလက်ကွန်ပျုတာတွေကို ကလေးတွေ စည်းကမ်းရှိရှိ စနစ်တကျကိုင်တွယ်တတ်ဖို့လည်း ထိုင်းကျောင်းဆရာတွေက လာရောက်ရှင်းပြကြပါတယ်။

တက်ဘလက်ကွန်ပျုတာရရှိတဲ့ ကလေးငယ်တဦးက “အခုလိုပေးတဲ့အတွက် ကျေးဇူးတင်တယ်။ အခုလိုခေတ်ကြီးမှာ ဘယ်သူမှ မကိုင်နိုင်သေးတဲ့ တက်ဘလက်ကြီးကို အခုလိုပေးတဲ့အတွက် ကျောင်းသားတွေ အတွက် ပျော်ရွှင်ရတယ်။ ပထမဆုံးသုံးရတဲ့အတွက် ကွဲမှာလည်းကြောက်တယ်၊ ရိုရိုသေသေကိုင်သုံးဖို့ စိတ်ထဲမှာရှိပါတယ်။”

ကျောင်းသား မိဘတဦးကလည်း ကလေးငယ်တွေကို အခုလို ကွန်ပျူတာ ပေးတဲ့အတွက်လည်း ကျေးဇူး တင်ကြောင်း ပြောပါတယ်။

“၀မ်းလည်းဝမ်းသာတယ်။ ကိုယ်တွေလည်း မသုံးဖူးတဲ့ ပစ္စည်း၊ ကိုယ့်ကလေးတွေ သုံးရတော့ အရမ်းဝမ်းသာတယ်။ ထိုင်းအစိုးရက သူတို့နိုင်ငံသားလည်း မဟုတ်ဘဲ မြန်မာကျောင်းသားတွေကို အခုလို ထောက်ပံ့ပေးတာ အရမ်းဝမ်းသာတယ်။ ထိုင်း ၀န်ကြီးချုပ်ကိုလည်း အရမ်းကျေးဇူးတင်ပါတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013