DVB Logo
Home
မြန်မာသတင်း
တက္ကသိုလ်ဝင်စာမေးပွဲ မန္တလေးအိုးဘိုအကျဉ်းထောင်မှ ၃၇ ဦး အောင်မြင်
DVB
·
June 8, 2019
တက္ကသိုလ်ဝင်စာမေးပွဲ မန္တလေးအိုးဘိုအကျဉ်းထောင်မှ ၃၇ ဦး အောင်မြင်
Donate to DVB

၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်မှာ မန္တလေးဗဟို အကျဉ်းထောင် (အိုးဘို) ကနေ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အကျဉ်းသား အကျဉ်းသူ ၇၁ ဦး  ဖြေဆိုရာမှာ ၃၇ ဦး အောင်မြင်ပြီး ဂုဏ်ထူးရှင် ၁၄ ဦး ရှိတယ်လို့ သိရပါတယ်။

နှစ်ဘာသာ ဂုဏ်ထူးရှင် ၃ ဦး၊ တစ်ဘာသာ ဂုဏ်ထူးရှင် ၁၁ ဦးရှိပြီး ယခင်နှစ်ကထက် အောက်ချက်ပိုမိုကောင်းမွန်တယ်လို့ သိရပါတယ်။

မန္တလေးအိုးဘို အကျဉ်းထောင်ကနေ ၂၀၁၆ - ၂၀၁၇ ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုသူ ၁၁ ဦး ရှိခဲ့ပြီး သုံးဘာသာ ဂုဏ်ထူးထွက်ရှင်တဦးအပါအဝင် ၇ ဦး အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။

၂၀၁၇ - ၂၀၁၈ ပညာသင်နှစ်မှာလည်း တက္ကသိုလ်ဝင်တန်းဝင်ရောက်ဖြေဆိုသူ ၅၅ ဦးရှိခဲ့ရာ သုံးဘာသာဂုဏ်ထူးရှင် ၄ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၄ ဦး၊ ၁ ဘာသာဂုဏ်ထူးရှင် ၁၃ ဦးနဲ့ ရိုးရိုးအောင်မြင်သူ ၆ ဦး ရှိခဲ့တယ်လို့လည်း သိရပါတယ်။

မန္တလေးဗဟို အကျဉ်းထောင် (အိုးဘို) မှာ ၂၀၁၆ - ၂၀၁၇ ပညာသင်နှစ် က စတင်ပြီး စာစစ်ဌာနဖွင့်လှစ် ဖြေဆိုခွင့်ရခဲ့တယ်လို့ သိရပါတယ်။ ယခင်ကတော့ အင်းစိန်အကျဉ်းထောင် စာစစ်ဌာနမှာ သွားရောက်ဖြေဆိုခဲ့ကြရတာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံက အကျဉ်းထောင်တွေထဲမှာ တက္ကသိုလ်ဝင်တန်းဖြေဆိုခွင့်ပြုထားတဲ့ အကျဉ်းထောင်တွေကတော့ အင်းစိန်အကျဉ်းထောင်၊ မန္တလေးအိုးဘို အကျဉ်းထောင်၊ သာယာဝတီနဲ့ ဘားအံအကျဉ်းထောင်တွေ ဖြစ်ပါတယ်။

အခုနှစ် ပညာသင်နှစ်မှာ မန္တလေးတိုင်း ဒေသကြီးအတွင်း အောင်ချက်ရာခိုင်နှုန်း ၃၆.၁၃ ရာခိုင်နှုန်းရှိခဲ့ပြီး တနိုင်ငံလုံးအတိုင်းအတာနဲ့ အောင်ချက်ရာခိုင်နှုန်းအဆင့် သုံးနေရာမှာရှိတယ်လို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ထိန်ထိန်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013