DVB Logo
Home
မြန်မာသတင်း
ဘဝသစ်ကျောင်းတိုက်ဆရာတော်နှင့် ဒီဗွီဘီ စီဂျေသတင်းထောက်အမှုကျေအေး
DVB
·
June 8, 2019
ဘဝသစ်ကျောင်းတိုက်ဆရာတော်နှင့် ဒီဗွီဘီ စီဂျေသတင်းထောက်အမှုကျေအေး
Donate to DVB

ပဲခူးမြို့ ဘဝသစ်ကျောင်းတိုက်ဆရာတော်နဲ့ ဒီဗွီဘီ စီဂျေသတင်းထောက် ကိုအောင်စိုးမိုးတို့ အပြန်အလှန်တရားစွဲ တိုင်ကြားမှုနဲ့ပတ်သက်ပြီး နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် စုံစမ်းရေးအဖွဲ့ မဟနဆရာတော်ကြီးတွေရဲ့ ကြားဝင်ညှိနှိုင်းပေးမှုကြောင့်  နှစ်ဘက်ကျေအေး လိုက်ပါတယ်။

ဒီအမှုနဲ့ ပတ်သက်လို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ၄၇ပါး စုံညီ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဇွန်လ၇ရက်က ပဲခူးမြို့ ဗုဒ္ဓအသံသာသနာ့ဗိမ္မာန်တော်မှာ ဂိုဏ်းပေါင်းစုံ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် ဆရာတော် ၃ပါးက စစ်ဆေးခဲ့ပါတယ်။

အဲဒီလို နှစ်ဘက်စုံစမ်းစစ်ဆေးပြီးနောက်  ဘဝသစ်ဆရာတော်က သတင်းထောက် ကိုအောင်စိုးမိုးအပေါ် သာသနာညှိုးနွမ်းစေမှုအပါအဝင် ပုဒ်မ၄ခုအပြင် ကိုအောင်စိုးမိုးနဲ့ ဦးဇော်ခန့်

(ခ)ကိုလွင်တို့ကို ပုဒ်မ၆၆(ဃ)နဲ့ပါ စွဲဆိုထားတဲ့ အမှုတွေအားလုံးကို ဆရာတော်ကြီးတွေကို လှူဒါန်းကျေအေးခဲ့ပါတယ်။

ကိုအောင်စိုးမိုးဘက်ကလည်း ဘဝသစ်ဆရာတော်အပေါ် သံဃမဟာနာယက အပါအဝင်

သမ္မတရုံးနဲ့ သာသနာရေးဝန်ကြီးဌာနမှာ တိုင်ကြားထားတာတွေအားလုံးကို ကျေအေးခဲ့ပြီး စွဲဆိုထားတဲ့အမှု အားလုံးအပေါ် ကျေအေးပေးဖို့ ဆရာတော်တွေရှေ့မှာ တောင်းပန်ခဲ့ပါတယ်။

ဘဝသစ်ဆရာတော်အနေနဲ့ ပဲခူးမြို့နယ်တရားသူကြီးရုံးမှာ ကိုအောင်စိုးမိုးအပေါ် တိုင်ကြားထားတဲ့အမှုတွေအားလုံးကို အမှုကျေအေးလွှာမှာ လက်မှတ်ထိုးပေးမယ်လို့ ဆရာတော်ကြီးတွေရှေ့မှာ အပြန်အလှန်ဝန်ခံကတိပေးပြီး ဆရာတော်ကြီးတွေကို အသိသက်သေ ထားကာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013