DVB Logo
Home
မြန်မာသတင်း
သဘာဝဘေး ရင်ဆိုင်တုံ့ပြန်နိုင်ရေး အသင့်ရှိကြရန် ဒုသမ္မတ တိုက်တွန်း
DVB
·
June 8, 2019
သဘာဝဘေး ရင်ဆိုင်တုံ့ပြန်နိုင်ရေး အသင့်ရှိကြရန် ဒုသမ္မတ တိုက်တွန်း
Donate to DVB

မြန်မာနိုင်ငံမှာ သဘောဝဘေးအန္တရာယ်တွေ ပိုမိုရင်ဆိုင်နေရတာကြောင့် သဘာဝဘေးအန္တရာယ်ကို မျက်ခြည်မပြတ်လေ့လာသိရှိဖိုနဲ့ ရင်ဆိုင်တုံ့ပြန်နိုင်ရေး အဆင့်သင့်ဖြစ်နေကြဖို့ သဘာဝဘေးစီမံခန့်ခွဲသူတွေကို ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက တိုက်တွန်းလိုက်ပါတယ်။

နေပြည်တော်မှာ မနေ့က ကျင်းပတဲ့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီအစည်းအဝေးမှာ ကော်မတီဥက္ကဋ္ဌ ဥိးဟင်နရီဗန်ထီးယူက အခုလို ပြောကြားလိုက်တာပါ။

ကမ္ဘာ့ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုများကြောင့် သဘာဝ ဘေးအန္တရာယ်များ ပိုမိုများပြားအင်အားပြင်းထန်လာခြင်းတို့ဟာ ထူးခြားစွာခံစားလာရတဲ့ ဘေးအန္တရာယ်တွေ မဟုတ်တော့ဘဲ ကမ္ဘာပေါ်မှာ ပုံမှန်ဖြစ်ပေါ်ခံစားလာရတဲ့ ဘေးအန္တရာယ်များဖြစ်လာနေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအနေနဲ့ မုတ်သုံကာလတိုတောင်းလာပြီး မိုးရွာသွန်းမှုပုံစံတွေ ပြောင်းလဲလာတာ၊ ဆိုင်ကလုန်းမုန်တိုင်းတွေ ပိုမိုဖြစ်ပေါ်လာတာ၊ အပူချိန်လွန်ကဲလာတာ၊ လေပြင်းတိုက် မိုးသီးကြွေ မိုးကြိုးပစ်တာတွေ ပိုမိုများပြားလာတာနဲ့ ရေကြီးရေ လျှံမှုတွေ နှစ်စဉ်ဖြစ်လာတာ စတဲ့ ဘေးအန္တရာယ်တွေ ပိုမိုရင်ဆိုင် ကြုံတွေ့နေရတယ်လို့ ဒုသမ္မတက ပြောပါတယ်။

ဒါကြောင့် သဘာဝဘေးစီမံခန့်ခွဲသူတွေအနေနဲ့ ဘေးအန္တရာယ်တွေကို မျက်ခြည်မပြတ်လေ့လာသိရှိနေဖို့၊ အစဉ်အမြဲ နိုးကြားနေဖို့၊ ရင်ဆိုင်တုံ့ပြန်နိုင်ရေး အဆင့်သင့်ဖြစ်နေဖို့နဲ့ အရေးပေါ်တုံ့ပြန်မှု လုပ်ငန်း တွေအပြင် ရေရှည်ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေမှာလည်း ရင်းနှီးမြှုပ်နှံ ဆောင်ရွက်ကြဖို့ ဒုသမ္မတက တိုက်တွန်းသွားပါတယ်။

လက်ရှိ မိုးတွင်းကာလ မုန်တိုင်းဘေး၊ ရေကြီးရေလျှံမှုတွေ၊ လျှပ်တပြက်ရေဘေး၊ မိုးကြိုးပစ်တာ၊ မြစ်ကမ်းပါးပြိုတာ၊မြေပြိုတာ စတဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့် ပြည်သူတွေ ထိခိုက်မှုမှလျော့နည်းသက်သာစေဖို့ သက်ဆိုင်ရာဌာနအလိုက်၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့တွေ ကြိုတင်ပြင်ဆင်ထားကြဖို့ ဒုသမ္မတက ပြောပါတယ်။

အစည်းအဝေးကို အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ကော်မတီဝင်တွေ၊ တိုင်းနဲ့ပြည်နယ်အစိုးရ  တာဝန်ရှိသူတွေ၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာအကြံပေးအဖွဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013