DVB Logo
Home
မြန်မာသတင်း
၇၃ နှစ်အဘိုးအို တက္ကသိုလ်ဝင်စာမေးပွဲ မအောင်မြင်၊ လာမည့်နှစ် ဆက်ကြိုးစားမည်
DVB
·
June 8, 2019
၇၃ နှစ်အဘိုးအို တက္ကသိုလ်ဝင်စာမေးပွဲ မအောင်မြင်၊ လာမည့်နှစ် ဆက်ကြိုးစားမည်
Donate to DVB

အခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ မအောင်မြင်ခဲ့ပေမယ့်  လာမယ့်နှစ် ဆက်လက်ကြိုးစားဖြေဆိုသွားမယ်လို့ မန္တလေးမြို့မှ အသက် ၇၃ နှစ်အရွယ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ဦးစိုင်းအောင်ညွန့်က ပြောပါတယ်။

''ဒီနှစ် မအောင်ဘူးလေ၊ နောက်နှစ်ပေါ့နော်၊ နောက်နှစ်ဖြေဖို့ အစီအစဉ်ရှိတယ်၊ ဆက်လက်ကြိုးစားသွားမှာပေါ့။”

အသက် ၇၃ နှစ်အရွယ် ဦးစိုင်းအောင်ညွန့်က တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို အွန်လိုင်းကတဆင့် ကြည့်ခဲ့တာဖြစ်ပါတယ်။

အခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ အောင်မြင်မှု မရရှိခဲ့ပေမယ် အောင်မြင်တဲ့အထိ ဆက်လက်ကြိုးစားသွားမယ်လို့ ဦးစိုင်းအောင်ညွန့်က ဆိုပါတယ်။

ဦးစိုင်းအောင်ညွန့်ဟာ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ရှိ အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်းမှာ ခုံအမှတ် မနတ ၅၃၄ နဲ့ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုခဲ့တာပါ။

လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ အသက် ၇၃ နှစ်အရွယ် ဦးစိုင်းအောင်ညွန့်ကို ဂုဏ်ထူး သုံးဘာသာနဲ့ ဖြေဆိုအောင်မြင်တယ်လို့ သတင်းအမှားတွေ ပျံ့နှံ့နေတယ်လို့ သိရပါတယ်။

သော်တာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013