DVB Logo
Home
မြန်မာသတင်း
အိုးဘိုထောင်အတွင်း သေဆုံးခဲ့သည့် အောင်သပြေရွာသား ကိုထွန်းမြင့်ဝင်း၏ ဈာပနကျင်းပ
DVB
·
June 7, 2019
အိုးဘိုထောင်အတွင်း သေဆုံးခဲ့သည့် အောင်သပြေရွာသား ကိုထွန်းမြင့်ဝင်း၏ ဈာပနကျင်းပ
1 / 14
Donate to DVB

မန္တလေး အိုးဘိုထောင်ထဲမှာ  သေဆုံးခဲ့တဲ့ အောင်သပြေကျေးရွာသား  ကိုထွန်းမြင့်ဝင်း (ခ) ကိုထွန်းရဲ့ ဈာပန အခမ်းအနားကို ဒီကနေ့ အောင်သပြေကျေးရွာမှာ ကျင်းပပါတယ်။

ကိုထွန်းမြင့်ဝင်းကို  ဇွန်လ ၂ရက်နေ့မှာ အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပြီး မန္တလေးအိုဘိုထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားချိန်မှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ သေဆုံးသူရဲ့ ရုပ်အလောင်းကို အိုးဘို အကျဉ်းထောင် တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းကာ ရွာကို ပြန်သယ်ဆောင်လာပြီး ဈာပနကျင်းပ သဂြီင်္ုဟ်ခဲ့တာလည်းဖြစ်ပါတယ်။

ကိုထွန်းမြင့်ဝင်းဟာ သေဆုံးချိန်မှာ ခန္ဓာကိုယ်တခုလုံး ညိုမဲဒါဏ်ရာ၊ ပွန်ပဲ့ဒဏ်ရာတွေနဲ့ အတူနောက်ဂုတ်ပိုးမှာလည်း ပြတ်ရှ ဒါဏ်ရာတွေ တွေ့ရှိခဲ့ရတာကြောင့် သွေးရိုးသားရိုး သေဆုံးတာမဟုတ်သလို ရိုက်နှက်နှိပ်စက်ခံထားရလို့ သေဆုံးခဲ့တာဖြစ်တာလို့ အမှုမှန် အမြန်ဆုံးဖော်ထုတ်ပေးစေချင်တယ်လို့ မိသားစုက ပြောပါတယ်။

ကိုထွန်းမြင့်ဝင်းရဲ့ မိခင် ဒေါ်အေးက“သားလေးကို ၂ရက်နေ့က ဖမ်းသွားတာ ၅ရက်နေ့မနက်မှာ အရက်ကြောင်ပြီး ဆုံးတယ်ဆိုပြီး အကြောင်းကြားလာတယ်။ အမေဘယ်လိုမှ မခံစားနိုင်ဘူး။ သားက ဒီဖြစ်စဉ်မှာ လုံးဝမပါဘူး။ စိတ်လည်းမဝင်းစားတဲ့သူ။ အခုသူအလောင်းကိုသာ ကြည့်ကြပါတော့။ ဒါဏ်ရာတွေ ဗရပွနဲ့ အရမ်းရက်စက်ကြတယ်။ ဒီဒါဏ်ရာတွေက အရက်ကြောင်ပြီး သေတာလား။ သူတို့ တွေမတရားသဖြင့် သတ်ပြစ်လိုက်ကြတာ။  အမေအနေနဲ့ လုံးဝမကျေနပ်ဘူး။ သက်ဆိုင်ရာက အမူ မှန်ပေါ်ပေါက်အောင်စစ်ဆေးပေးစေ ချင်တယ်”လို့ ပြောပါတယ်။

သေဆုံးသူရဲ့ နားအနောက်မှာ ဒဏ်ရာခပ်ရှည်ရှည်တွေ့တယ်လို့ သေဆုံးသူရဲ့ အစ်ကိုဖြစ်သူ ဆရာတော် ဦးဝိမလက မိန့်ကြားပါတယ်။  အကျဉ်းထောင် တာဝန်ရှိသူတွေကတော့ သေဆုံးသူဟာ အရက်ကြောင့် သေဆုံးတာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ် ။

အောင်သပြေကျေးရွာဒေသခံတွေဟာ ရွာအနားမှာ အကောင်အထည်ဖော်နေတဲ့ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံဖျက်သိမ်းဖို့အတွက် တောင်းဆိုဆန္ဒပြစဉ် ရဲတပ်ဖွဲ့နဲ့ ပဋိပက္ခဖြစ်ပွားတာပါ။

ဒီပဋိဖြစ်စဉ်မှာ ပါဝင်ခဲ့တာကြောင့် ကိုထွန်းမြင့်ဝင်းကို ဖမ်းဆီးပြီး ပုဒ်မ ၄၃၆ ၊၄၄၀ ၊ ၃၃၆၊  ၁၁၄ စတဲ့ပုဒ်တွေနဲ့ တရားစွဲဆို ဖမ်းဆီးချုပ်နှောင်ထားချိန်မှာ ဒါဏ်ရာတွေနဲ့ေ သဆုံးခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013