DVB Logo
Home
မြန်မာသတင်း
ထိုင်းဝန်ကြီးချုပ်သစ်ထံ ၀မ်းမြောက်ကြောင်းသ၀ဏ်လွှာ အတိုင်ပင်ခံပုဂ္ဂိုလ်ပေးပို့
DVB
·
June 7, 2019
ထိုင်းဝန်ကြီးချုပ်သစ်ထံ ၀မ်းမြောက်ကြောင်းသ၀ဏ်လွှာ အတိုင်ပင်ခံပုဂ္ဂိုလ်ပေးပို့
Donate to DVB

ထိုင်းဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခံရတဲ့ ဗိုလ်ချုပ်ကြီး (ငြိမ်း) ပရာယွတ်ချန်အိုချာ ထံကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့တယ်လို့  နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။

ထိုင်းနိုင်ငံ အထွေထွေရွေးကောက်ပွဲအပြီး ဝန်ကြီးချုပ်ကို ဇွန် ၅ ရက်က ထိုင်းလွှတ်တော်မှာ မဲစနစ်နဲ့ ရွေးကောက်တင်မြှောက်ခဲ့ပြီး ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာက မဲအပြတ်အသတ် အနိုင်ရပြီး ထိုင်းနိုင်ငံရဲ့ အယောက် ၃၀ မြောက် ဝန်ကြီးချုပ် ဖြစ်လာပါတယ်။

ထိုင်းလွှတ်တော်အစည်းအဝေးကို ဇွန်လ ၅ ရက် မနက် ၁၀ နာရီကနေ ည ၉ နာရီကျော်ထိ ကျင်းပခဲ့ပြီး အထက်လွှတ်တော်အမတ် ၂၅၀ ဦး၊ အောက်လွှတ်တော်အမတ် ၅၀၀ ဦးတို့ရဲ့ ဆန္ဒမဲတွေနဲ့ ရွေးချယ်ခဲ့တာပါ။

ဓာတ်ပုံ-Prayut Facebook

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013