DVB Logo
Home
မြန်မာသတင်း
လျှပ်စီးဝင် အ၀တ်လှန်းသွပ်နန်းကြိုးအား ကိုင်မိသည့် ဇနီးမောင်နှံ ဓာတ်လိုက်သေဆုံး
DVB
·
June 7, 2019
လျှပ်စီးဝင် အ၀တ်လှန်းသွပ်နန်းကြိုးအား ကိုင်မိသည့် ဇနီးမောင်နှံ ဓာတ်လိုက်သေဆုံး
Donate to DVB

ပဲခူးတိုင်း သနပ်ပင်မြို့နယ်မှာ လျှပ်စစ်စီးဝင်နေတဲ့ အဝတ်လှန်း သွပ်နန်းကြိုးအား ကိုင်မိတာကြောင့် ဓာတ်လိုက်ပြီး ဇနီးမောင်နှံ နှစ်ဦး သေဆုံးခဲ့ပါတယ်။

ဇွန်လ ၆ ရက်နေ့ နေလယ်ပိုင်းက သနပ်ပင်မြို့နယ်၊ ရေကျော်ကျေးရွာနေ စိုးပိုင် (၃၂) နှစ်နဲ့ ဇနီးဖြစ်သူ မော်မော်ခိုင် (ခ) ကရင်မ (၃၀) နှစ်တို့ ၂ ဦးဟာ နေအိမ်မှာ လျှပ်စစ်စီးဝင်နေတဲ့ အဝတ်လှန်းသွပ်နန်းကြိုးအားကိုင်မိပြီး ဓာတ်လိုက်ကာ လက်/ ဝမ်းဗိုက်/ ဒူး ညိုမဲပေါက်ပြဲဒဏ်ရာတွေနဲ့ အခင်းဖြစ်နေရာမှာ သေဆုံးခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။

သေဆုံးသွားသူ နှစ်ဦးကို သနပ်ပင်ပြည်သူ့ဆေးရုံ ပို့ဆောင်ခဲ့ပြီး သနပ်ပင်မြို့မရဲစခန်းက သေမှုသေခင်းအမှတ်စဉ် (၉/၂၀၁၉) နဲ့ စစ်ဆေးနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013