DVB Logo
Home
မြန်မာသတင်း
ခန့်စည်သူ၊ အောင်ရဲလင်း၊ အိချောပိုနှင့် ပက်ထရစ်ရှာတို့ပါဝင်သည့် ကောင်းကင်တစ်ခုအလိုရှိ သည်ရုပ်ရှင်(နမူနာ)
DVB
·
June 7, 2019
ခန့်စည်သူ၊ အောင်ရဲလင်း၊ အိချောပိုနှင့် ပက်ထရစ်ရှာတို့ပါဝင်သည့် ကောင်းကင်တစ်ခုအလိုရှိ သည်ရုပ်ရှင်(နမူနာ)
Donate to DVB

သရုပ်ဆောင် မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ ခန့်စည်သူ၊ အောင်ရဲလင်း၊ အိချောပိုနဲ့ ပက်ထရစ်ရှာတို့ ခေါင်းဆောင် ပါဝင်ထားကြတဲ့ ကောင်းကင်တစ်ခု အလိုရှိသည် ရုပ်ရှင်ကို လာမယ့် ဇွန်လ ၁၃ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

ဒီကားကိုတော့ ပါဝါကင်းရုပ်ရှင်ထုတ်လုပ်ရေးက တင်ဆက်လိုက်တာဖြစ်ပြီး လွန်း ထားထား (ဆေးတက္ကသိုလ်) ရဲ့ ၀တ္ထုကို ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး) က ပုံဖော်ရိုက်ကူး ပေးထားတာပါ။

အချစ်နဲ့ မေတ္တာတရားကြား ပူလောင်မှုနဲ့ အေးချမ်းမှုတွေကို နှို်င်းယှဉ်ရိုက်ကူးပြထားတဲ့ ဒီရုပ်ရှင်ကားထဲမှာတော့ ချစ်သူစုံတွဲတွေကြားမှာ သံသယ၊ ပကာသန၊ အာဃာ တတရားတွေ စွက်လာချိန်မှာ ဘယ်လိုတွေ ဆက်ဖြစ်လာမလဲဆိုတာတွေကို လေးပွင့်ဆိုင် အချစ်ဒရာမာ ဇာတ်လမ်းတပုဒ်အနေနဲ့ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားကိုတော့ ပြီးခဲ့တဲ့ ၃ နှစ်လောက်ကတည်းက ရိုက်ကူးထားခဲ့တာဖြစ်ပြီး ခုမှ ရုံတင်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။

အမိုက်စား ဒိုင်ယာလော့ဂ်တွေနဲ့ ဒီရုပ်ရှင်ကား Trailer ဟာ လတ်တလောမှာတော့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၁ သန်းနီးပါး ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013