DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးပါတီ၂၆ပါတီ၏ အိတ်ဖွင့်ပေးစာ အခြေအမြစ်မရှိ စွပ်စွဲချက်များဖြစ်ဟု ကော်မရှင်တုံ့ပြန်
DVB
·
June 7, 2019
နိုင်ငံရေးပါတီ၂၆ပါတီ၏ အိတ်ဖွင့်ပေးစာ အခြေအမြစ်မရှိ စွပ်စွဲချက်များဖြစ်ဟု ကော်မရှင်တုံ့ပြန်
Donate to DVB

နိုင်ငံရေးပါတီ ၂၆ ပါတီရဲ့ အိတ်ဖွင့်ပေးစာဟာ သမားရိုးကျသဘောရိုးနဲ့ တောင်းဆိုတာမျိုး မဟုတ်ဘဲအပြုသဘောမဆန်တဲ့အပြင် အခြေအမြစ်မရှိတဲ့ မမှန်မကန်စွပ်စွဲချက်တွေနဲ့  ဖော်ပြတောင်းဆိုထားတာတွေ့ရတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တုံ့ပြန်လိုက်ပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပါအ၀င် နိုင်ငံရေးပါတီ ၂၆ ပါတီက  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ တွေ့ဆုံဆွေးနွေးခွင့်ပေးဖို့ အိတ်ဖွင့်ပေးစာပေးပို့ တောင်းဆိုထားတဲ့အပေါ် ကော်မရှင်က ဇွန်လ ၆ ရက်မှာ အကြောင်းပြန်လိုက်တာဖြစ်ပါတယ်။

အိတ်ဖွင့်ပေးစာပါ ဖော်ပြချက်တွေဟာ  ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေ အားလုံးအပေါ် စွပ်စွဲထားတဲ့သဘော သက်ရောက်နေလို့ ကော်မရှင်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့အကြောင်းနဲ့  ကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေကို သေးသိမ်စေပြီး ပြည်သူတွေ အထင်မှား အမြင်မှား ဖြစ်စေနိုင်တယ်လို့လည်း ကော်မရှင် ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ဒ့ါအပြင် ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ အငြင်းပွားမှုတွေအပေါ် ကော်မရှင်ရဲ့အပြီးသတ်ဆုံးဖြတ်ချက်ဟာ မျှတမှုမရှိကြောင်း နိုင်ငံရေးပါတီ ၂၆ ပါတီရဲ့ စွပ်စွဲချက်ဟာလည်း လွဲမှားနေတယ်လို့ ကော်မရှင်က ဆိုပါတယ်။

ကြံ့ခိုင်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်ကတော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဟာ ဘက်လိုက်မှုတွေ ရှိနေတဲ့အကြောင်းနဲ့ ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ နိုင်ငံရေးပါတီတွေကို တွေ့ဆုံမှုမရှိဘူးဆိုရင် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲဟာ  လွတ်လပ်ပြီး တရားမျှတမှု မရှိနိုင်ဘူးလို့ ဇွန်လ ၅ ရက်က နေပြည်တော် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

ကော်မရှင်အနေနဲ့ ပြည်နယ်နဲ့တိုင်းရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်တွေ၊ နိုင်ငံရေးပါတီတွေအပါအဝင် ရွေးကောက်ပွဲဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံ ဆွေးနွေးညှိနှိုင်းမှုတွေကို၂၀၁၉ ခုနှစ် ဇွန်လက စတင်ဆောင်ရွက် သွားမယ်လို့ ပြောပါတယ်။

ဒါ့အပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှာ နိုင်ငံရေး ပါတီတွေအားလုံးကို တွေ့ဆုံကာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆွေးနွေး ညှိနှိုင်းဆောင်ရွက်ဖို့ အချိန်ဇယားသတ်မှတ်ထားပြီးဖြစ်တယ်လို့လည်း  ကော်မရှင်ရဲ့ အကြောင်းပြန်စာမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013