DVB Logo
Home
မြန်မာသတင်း
လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်ဒေသများအတွက် တက္ကသိုလ်ဝင်အောင်စာရင်း မြန်မာအသံ က ထုတ်လွင့်မည်
DVB
·
June 7, 2019
လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့်ဒေသများအတွက် တက္ကသိုလ်ဝင်အောင်စာရင်း မြန်မာအသံ က ထုတ်လွင့်မည်
Donate to DVB

လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ တိုင်းဒေသကြီး/ ပြည်နယ်တွေရှိ စာစစ်ဌာနတွေကနေ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ကြသူတွေအတွက် အောင်စာရင်းတွေကို မြန်မာ့အသံ(ရေဒီယို) တိုင်းရင်းသားအစီအစဉ်တွေက ဇွန် ၈ ရက်နေ့ မနက် ၆ နာရီ ထုတ်လွှင့်ပေးမယ်လို့ သိရပါတယ်။

၂၀၁၉ ခုနှစ် မတ်လက ကျင်းပစစ်ဆေးခဲ့တဲ့ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ဇွန် ၈ ရက် (စနေနေ့) နံနက် ၆ နာရီ တနိုင်ငံလုံးအတွက် တပြိုင်တည်း တရက်တည်းအပြီး ထုတ်ပြန် သွားမယ်လို့ ပြန်ကြားရေးသတင်းမှာ ဖော်ပြပါတယ်။

တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း ကြေညာထုတ်လွှင့်ပေးမယ့် စာစစ်ဌာနတွေကတော့ ကချင်ပြည်နယ်က စာစစ်ဌာန ၂၀၊ ကယားပြည်နယ်က ၈ ခု၊ ကရင်ပြည်နယ်က ၉ ခု၊ ချင်းပြည်နယ်က ၁၃ ခု၊ ရခိုင်ပြည်နယ်က  ၂၂ ခု၊ ရှမ်းပြည်နယ်က ၂၈ ခု၊ တနင်္သာရီတိုင်းက ၁၁ ခု၊ မကွေးတိုင်းက ၂၃ ခု၊ စစ်ကိုင်းတိုင်းက ၁၂ ခု၊ ရန်ကုန်တိုင်းက ကိုကိုးကျွန်းစာစစ်ဌာန စတဲ့ စာစစ်ဌာနတွေ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအောက်ပိုင်း လမ်းပန်းဆက်သွယ်ရေးခက်ခဲ့တဲ့ စာတဲ့စာစစ်ဌာနတွေအတွက် လှိုင်းတို ၅၀ ဒသမ ၇၁ မီတာ (၅၉၁၅ ကီလိုဟက်ဇ်) နဲ့ လှိုင်းတို ၃၀ ဒသမ ၈၅ မီတာ ( ၉၇၃၀ ကီလိုဟက်ဇ်)၊ မြန်မာနိုင်ငံ အောက်ပိုင်းဒေသ စာစစ်ဌာနတွေအတွက် လှိုင်းလတ် ၄၁၁ ဒသမ ၅၂ မီတာ (၇၂၉ ကီလိုဟက်ဇ်)၊ သက်ဆိုင်ရာ တိုင်းရင်းသား ဒေသအသီးသီးရှိ မြန်မာ့အသံ FM Radio တိုင်းရင်းသားဘာသာ အစီအစဉ်တွေမှာ ဖမ်းယူနားဆင်နိုင်တယ်လို့ သိရပါတယ်။

နိုင်ငံတ၀န်း တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းတွေကို ဇွန်  ၈ ရက်၊ မနက် ၆ နာရီ ထုတ်ပြန်ကြေညာမှာဖြစ်ပြီး Online ကနေလည်း  ကြည့်ရှုနိုင်ပါတယ်။
အောင်စာရင်းကြည့်ရှုရန် - http://bit.ly/2WjJ4pk

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013