DVB Logo
Home
သတင်းတို
အဆိုတော်ခင်မောင်တိုး ကွယ်လွန်
DVB
·
November 15, 2012
အဆိုတော်ခင်မောင်တိုး ကွယ်လွန်
Donate to DVB

စင်ကာပူနိုင်ငံဆေးရုံမှာ တက်ရောက်ဆေးဝါးကုသနေတဲ့ နာမည်ကျော်အဆိုတော် ခင်မောင်တိုး အသက် (၆၂) နှစ်ဟာ ဒီမနက် ရှစ်နာရီ ၁၈ မိနစ်မှာ အသည်းရောဂါနဲ့ ကွယ်လွန်သွားတယ်လို့ အဲဒီဆေးရုံကို ရောက်ရှိကူညီနေတဲ့ အဆိုတော် ဂျေမောင်မောင်က ပြောပါတယ်။

ဒီနေ့ ညနေ သုံးနာရီ လေးဆယ့်ငါးမှာ သင်္ဂြိုဟ်လိုက်တယ်လို့ သူက ပြောပါတယ်။ ဈာပနကို သူ့မိသားစု စုံစုံလင်လင်ရှိနေတယ်လို့ ဆိုပါတယ်။

ကိုခင်မောင်တိုးကို ကြည့်ရှုအားပေးဖို့ မြန်မာပြည်ကနေ စင်ကာပူနိုင်ငံ သွားရောက်ခဲ့တဲ့ ကိုဂျေမောင်မောင်က ကိုခင်မောင်တိုးကွယ်လွန်တဲ့အပေါ် အခုလို ပြောပါတယ်။

“အားလုံး ခံစားကြရမှာပါ၊ ကျနော်တင်မဟုတ်ပါဘူး။ အားလုံးချစ်ကြတာပဲဟာ။ ကိုတိုးကို အားလုံးချစ်ကြတာပဲ။ အဲဒီတော့ အရမ်းချစ်တဲ့သူတွေ ကွယ်လွန်သွားတဲ့အချိန်မှာ အရမ်းလဲ..၊ ဒီလိုမျိုး ပုဂ္ဂိုလ်မျိုး။  ဒီလိုမျိုး ဘယ်လိုမှလည်း အစားထိုးလို့မရတဲ့ ဆုံးရှုံးမှုပါ” လို့ ပြောပါတယ်။

ကွယ်လွန်ချိန်မှာ ခင်မောင်တိုးဟာ ဇနီးသည် ဒေါ်ဝေဝေခိုင်နဲ့ သားသမီး ၃ ဦး ကျန်ရစ်ခဲ့ပါတယ်။

ကိုခင်မောင်တိုးဟာ စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့ဇာတိဖြစ်ပြီး ၁၉၇၃ ခုနှစ်မှာ ‘ကျေးဇူးတင်ပါတယ် ကမ္ဘာကြီးရယ်’ တေးစီးရီးနဲ့ ဂီတလောကထဲကို စတင်ဝင်ရောက်ခဲ့သူတဦး ဖြစ်ပါတယ်။

အဲ့ဒီနောက်ပိုင်းမှာတော့ ကိုယ်ပိုင်သံစဉ်ဂီတတွေနဲ့ ခေတ်ပေါ် မြန်မာဂီတလောကကို တခေတ်ဆန်းစေခဲ့သူတဦး အဖြစ် မဇ္ဈိမလှိုင်းတေးဂီတ၏ ပင်တိုင်တေးသံရှင်အဖြစ် ရပ်တည်ခဲ့ သူတယောက်လည်းဖြစ်ပါတယ်။

ဝေးခဲ့ပြီပန်းခရမ်းပြာ၊ လွမ်း၊ ၀ိုင်း၊ မကြင်နာတဲ့အငြှိုး စတဲ့ ကိုယ်ပိုင်သံစဉ်တွေကို သီဆိုခဲ့တဲ့ အဆိုတော်ခင်မောင်တိုးရဲ့ သီချင်းတွေဟာ ၂၀ ရာစုနှောင်းပိုင်းနဲ့ ၂၁ ရာစု အဦးပိုင်းကာလ မြန်မာပရိသတ် အရွယ်မရွေး ညို့ငင်ဖမ်းစားနိုင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013