DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
June 6, 2019
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

ရတနာတိုး (စပါး)

ပေါင်းတည် ကုန်စည်ဒိုင်မှာ ရတနာတိုး (စပါး) က တင်း ၁၀၀ ကို ၄၇၀၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀၀ ကျပ် ဈေးတက်လာပါတယ်။ နတ်တလင်း ကုန်စည်ဒိုင်မှာ ရတနာတိုး (စပါး) တင်း ၁၀၀ ကို ၅၅၀၀၀၀ ပေါက်ဈေးရှိပါတယ်။ ပေါင်းတည်နဲ့ နတ်တလင်းကုန်စည်ဒိုင် ၈၀၀၀၀ ကျပ် ဈေးကွာခြားပါတယ်။

မတ်ပဲ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆၀ ဝင်တအိတ်ကို ၈၂၃၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ် ဈေးကျသွားပါတယ်။ မန္တလေးကုန်စည်ဒိုင်မှာလည်း  မတ်ပဲ (သစ်) တအိတ်ကို ၇၈၀၀၀ ကနေ ၈၂၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် ၃၀၀ ကျပ် ဈေးကွာခြားပါတယ်။

ပဲစင်းငုံနီ

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီ (ဟောင်း) က ပိဿာ ၆၀ ဝင် တအိတ်ကို ၉၀၇၀၀ ပေါက်ဈေးရှိပြီး ၉၀၀ ကျပ် ဈေးကျသွားပါတယ်။ မန္တလေး ပွဲစားကုန်သည်စက်ပိုင် အသင်းမှာတော့ တအိတ်ကို ၁၀၁၀၀၀ ပေါက်ဈေးရှိပြီး ၄၀၀၀ ကျပ် ဈေးကျသွားပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် တအိတ်ကို ၁၀၃၀၀ ကျပ် ဈေးကွာခြားပါတယ်။

ကုလားပဲ (နိုင်းတူးနိုင်း)

မန္တလေး ကုန်စည်ဒိုင်မှာ ကုလားပဲ (နိုင်းတူးနိုင်း) က ၅၆ ဒသမ ၂၅ ပိဿာဝင် တအိတ်ကို ၈၂၅၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ် ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာ ကုလားပဲ (နိုင်းတူးနိုင်း) တအိတ်ကို ၈၂၈၀၀ ပေါက်ဈေးရှိပြီး ၃၀၀ ကျပ် ဈေးကျသွားပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် ၃၀၀ ကျပ် ဈေးကွာခြားပါတယ်။

ပဲဇီးကွက်

မန္တလေးကုန်စည်ဒိုင်မှာ ပဲဇီးကွက်က ၅၈ ဒသမ ၂၅ ပိဿာဝင် တအိတ်ကို ၅၃၀၀၀ ကနေ ၅၅၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာ ပဲဇီးကွက် တအိတ်ကို ၅၂၈၀၀ ပေါက်ဈေးရှိပြီး ၆၀၀ ကျပ် ဈေးကျသွားပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် ၂၂၀၀ ကျပ် ဈေးကွာခြားပါတယ်။

စီပီပြောင်း

မန္တလေးကုန်စည်ဒိုင်မှာ စီပီပြောင်းက ၅၄ ပိဿာဝင် တအိတ်ကို ၂၃၀၀၀ ကနေ ၂၃၅၀၀ အထိ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ် ဈေးကျသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာ စီပီပြောင်း တအိတ်ကို ၂၃၇၀၀ ပေါက်ဈေးရှိပြီး ၃၀၀ ကျပ် ဈေးကျသွားပါတယ်။ မန္တလေးနဲ့ ပခုက္ကူကုန်စည်ဒိုင် ၂၀၀ ကျပ် ဈေးကွာခြားပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013