DVB Logo
Home
မြန်မာသတင်း
ပုဏ္ဏားကျွန်းတွင် လက်နက်ကြီးကျသဖြင့် အရပ်သား ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ
DVB
·
June 6, 2019
ပုဏ္ဏားကျွန်းတွင် လက်နက်ကြီးကျသဖြင့် အရပ်သား ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ
Donate to DVB

တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ကြား တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ဂဏန်းမဲကျေးရွာကို လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီး ရွာသား ၁ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရသွားပါတယ်။

အဲဒီရွာအနီးတဝိုက်မှာ ဇွန် ၅ ရက်နေ့ နေ့လယ်ပိုင်းက စတင်ကာ တိုက်ပွဲတွေ ပြင်းထန် နေတာဖြစ်ပြီး ညနေ ၅ နာရီကျော်အချိန်လောက်မှာ နေအိမ်ခြံတခုအတွင်းကို လက်နက်ကြီး ကျရောက်ပေါက်ကွဲတာကြောင့် အခုလို သေဆုံး ဒဏ်ရာရရှိခဲ့ကြတာပါ။

အဲဒီ ပေါက်ကွဲမှုအတွင်း ဦးစိန်ထွန်း အခင်းဖြစ်တဲ့နေရာမှာပဲ သေဆုံးသွားပြီး ဒေါ်ဆီးတူ (ခ) နွဲ့ယဉ်ဝင်း၊ မခင်ဦး၊ မောင်ဇော်ဆန်းတို့ ဒဏ်ရာအသီးသီးရရှိခဲ့ကြပါတယ်။

ဒဏ်ရာရသွားသူတွေကို ကူညီပေးနေသူတဦးက “ကျနော်က ပုဏ္ဏားကျွန်းကနေ ဖြတ်ပြီးတော့ ကူညီပေးလိုက်တာ။ အမြောက်ကျည်ဆန်ကျသွားလို့လေ။ ဒဏ်ရာရသွားတာက ၃ ယောက်ပေါ့။ အခင်းဖြစ်တဲ့နေရာမှာပဲ တယောက်သေတယ်။ အခုကတော့ စစ်တွေဆေးရုံမှာ ရောက်နေပါတယ်” လို့ ပြောပါတယ်။

အဲ့ဒီသေဆုံးသူနဲ့ ဒဏ်ရာရှိသွားသူတွေဟာ ခမီတိုင်းရင်းသားတွေဖြစ်ကြပြီး လက်ရှိမှာ စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေကြပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ် ဂဏန်းမဲရွာနဲ့ ဖောင်ဆိပ်ရွာတွေမှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (အေအေ)တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာ ၃ ရက်လောက်ကြာမြင့်နေပြီလို့လည်း ဒေသခံတွေကပြောပါတယ်။

အခုတိုက်ပွဲနဲ့ ပတ်သက်လို့ တပ်မတော်နဲ့ အေအေဘက်ကို ဆက်သွယ်နေပေမယ့် ဆက်သွယ်လို့ မရရှိသေးပါဘူး။

အခုရက်ပိုင်းအတွင်း အဲဒီလက်နက်ကိုင်နှစ်ဖွဲ့ဟာ ပုဏ္ဏားကျွန်းမြို့နယ်အပါအဝင် မြောက်ဦးမြို့နယ်၊ မင်းပြားမြို့နယ်တို့မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပြီး အခုလို လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုဖြစ်စဉ်တွေကြောင့် အရပ်သားတွေ ဒဏ်ရာရရှိတာနဲ့ သေဆုံးတာတွေ များပြားနေတာဖြစ်ပါတယ်။

သတင်း-ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013