DVB Logo
Home
မြန်မာသတင်း
“ကျနော့်ကို တပ်မတော်က ပုန်ကန်သူဖြစ်အောင် အတင်းတွန်းပို့နေတယ်” မင်းထင်ကိုကိုကြီး
DVB
·
June 6, 2019
“ကျနော့်ကို တပ်မတော်က ပုန်ကန်သူဖြစ်အောင် အတင်းတွန်းပို့နေတယ်” မင်းထင်ကိုကိုကြီး
Donate to DVB

နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ တရားစွဲခံထားရတဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးရဲ့ အမှု ရုံးချိန်းကို ဇွန်လ ၆ ရက်က အင်းစိန်မြို့နယ် တရားရုံးမှာ  ပဉ္စမအကြိမ် ပြုလုပ်ခဲ့ပါတယ်။

ရုံးချိန်းမှာ တရားလိုတွေဖြစ်တဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်က ကိုယ်စားလှယ်တပ်မတော်သား အရာရှိ နှစ်ဦးကို ဆက်လက်စစ်ဆေးခဲ့ပါတယ်။

ရုံးချိန်းအပြီးမှာ မင်းထင်ကိုကိုကြီးက "တပ်မတော်ဘက်က တရားလိုတွေက ကျနော့်ကို တပ်မတော်ကို ပုန်ကန်သူဖြစ်အောင် အတင်းတွန်းပို့နေပါတယ်။ ကျနော့်မှာ အဲဒီလို ရည်ရွယ်ချက် မရှိခဲ့ပါဘူး" လို့ပြောပါတယ်။

မင်းထင်ကိုကိုကြီးဟာ အသည်းကင်ဆာရောဂါကို ခံစားနေရတဲ့အတွက် အာမခံပေးဖို့ တရားရုံးကို နှစ်ကြိမ်တိုင်လျှောက်ထားခဲ့ပေမယ့် အာမခံမရခဲ့ပါဘူး။

မင်းထင်ကိုကိုကြီးဟာ သူ့ရဲ့လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ တပ်မတော်ကို ပြည်သူတွေ အထင်အမြင်လွဲအောင် စာသားတချို့ရေးသားခဲ့တယ်ဆိုပြီး မတ်လ ၂၉ ရက်နေ့မှာ တရားစွဲခံခဲ့ရတာပါ။

မင်းထင်ကိုကိုကြီးကို ရန်ကုန်တိုင်းစစ်ဌာနချုပ်က နိုင်ငံတော်အကြည်အညိုပျက်စေမှု၊ ပြည်သူအထင်အမြင်လွဲအောင်လှုံ့ဆော်မှု၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) စတဲ့ ပုဒ်မတွေနဲ့ တရားစွဲဆိုခဲ့တာပါ။

ဒီပုဒ်မတွေဟာ အရင်စစ်အစိုးရလက်ထက်ကတည်းက နိုင်ငံရေးသမားတွေကို စစ်အစိုးရက ဖမ်းဆီးထောင်ချရာမှာ အသုံးပြုလေ့ရှိတဲ့ ပုဒ်မတွေဖြစ်ပြီး ဒီပုဒ်မတွေနဲ့ တရားစွဲခံ ရရင် အာမခံပေးလေ့မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013