DVB Logo
Home
မြန်မာသတင်း
မြန်မာကျောင်းသားများအတွက် စွန့်ဦးတီထွင်လုပ်ငန်းရှင်တဦးက စက်ဘီးများလှူဒါန်း
DVB
·
June 6, 2019
မြန်မာကျောင်းသားများအတွက် စွန့်ဦးတီထွင်လုပ်ငန်းရှင်တဦးက စက်ဘီးများလှူဒါန်း
1 / 2
Donate to DVB

ဆင်းရဲချို့တဲ့ မြန်မာနိုင်ငံက ကျောင်းသူ ကျောင်းသားတွေအတွက် စွန့်ဦးတီတွင် လုပ်ငန်းရှင် မြန်မာလူငယ်တဦးက  စင်ကာပူနဲ့ မလေးရှားနိုင်ငံက စက်ဘီးအဟောင်းတွေ ၀ယ်ယူပြီး လှူဒါန်းဖို့ စီစဉ်နေပါတယ်။

ပြီးခဲ့တဲ့ နှစ်က စင်ကာပူနိုင်ငံအခြေစိုက် စက်ဘီးအငှားလုပ်ငန်းတွေဖြစ်တဲ့ oBike နဲ့ ofo တို့က အရှုံးပေါ်ခဲ့ပြီး အသုံးမလိုတော့တဲ့ စက်ဘီးတွေကို ဖယ်ထုတ်ပစ်တဲ့အချိန်မှာ မြန်မာလူငယ်စွန့်ဦးတီထွင်သူ မိုက်ခ်သန်းထွန်းဝင်းအတွက်ကတော့  အမှိုက်ထဲက ရတနာတခုလို အခွင့်အလမ်းတခု ဖြစ်လာခဲ့ပါတယ်။

oBike နဲ့ ofo တို့ဟာ လုပ်ငန်းနားပြီးနောက်မှာတော့ ငွေပြန်ဖော်နိုင်ဖို့အတွက် စက်ဘီးတော်တော်များများကို သံတိုသံစဈေးနဲ့ ရောင်းချခဲ့တာ ဖြစ်ပါတယ်။

“ဒီစွန့်ပစ်စက်ဘီးတွေကို ကျေးရွာတွေက ချို့တဲ့ကျောင်းသားလေးတွေဆီ ဖြန့်ဝေ လိုက်မယ်ဆိုရင် သူတို့ကျောင်းကို စက်ဘီးနဲ့ သွားနိုင်မယ်မဟုတ်ဘူးလား”လို့ အသက် ၃၃ နှစ်အရွယ် မိုက်ခ်သန်းထွန်းဝင်းက ပြောပါတယ်။

သူဟာ မန္တလေးမှာ ကြီးပြင်းပြီး ငယ်ရွယ်စဉ် ကျောင်းသားဘ၀တည်းက ကျောင်းကို လမ်းလျှောက်သွားရလေ့ရှိသူ တဦးဖြစ်ပါတယ်။

မိုက်ခ်သန်းထွန်းဝင်းက“ပြီးခဲ့တဲ့နှစ်က မြန်မာကို ပြန်တုန်းက ကျေးလက်တွေမှာ အရာရာဟာဘာမှ ပြောင်းလဲ မသွားသေးတာကို တွေ့ခဲ့ရတယ်။ ကျေးလက်က ကျောင်းသားကလေးငယ်တွေဟာ ကျောင်းကို ရောက်ဖို့ နာရီဝက်တနာရီလောက်ကြာအောင် လမ်းလျှောက်သွားနေရတယ်။ သူတို့ပေးရတဲ့ အချိန်ကို လျှော့ချနိုင်ရင် ကျောင်းမှာ လေ့လာသင်ကြားဖို့ အချိန်ပိုရနိုင်မယ်။ ပိုပြီးတော့ အသိပညာ ဗဟုသုတတွေ ပိုရလာနိုင်မယ်။ ဆင်းရဲမွဲတေမှုကို တိုက်ဖျက်ဖို့ အခွင့်အလမ်းတွေ အတွက် ပိုတိုးတက်လာစေမယ်လို့ ကျနော်ထင်တယ်”လို့ စင်ကာပူ တူဒေးအွန်လိုင်း သတင်းနဲ့ တွေ့ဆုံချိန်မှာ ပြောခဲ့ပါတယ်။

အသက် ၈ နှစ်အရွယ်ကတည်းက စင်ကာပူနိုင်ငံမှာ နေထိုင်ပညာသင်ကြားခဲ့တဲ့ မိုက်ခ်သန်းထွန်းဝင်းဟာ နန်ယန်းနည်းပညာတက္ကသိုလ်ကနေ စီးပွားရေးအထူးပြုဘွဲ့ရရှိခဲ့ပြီး မြန်မာနိုင်ငံကို ၂၀၁၁ ခုနှစ်မှာ ပြန်လည်ရောက်ရှိလာကာ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နေသူ ဖြစ်ပါတယ်။

ဒီလိုနဲ့ သူဟာ Lesswalk အမည်နဲ့ အကျိုးအမြတ်မယူ အဖွဲ့အစည်းတခုအနေနဲ့ လှုပ်ရှားမှု တခုလုပ်ခဲ့ပြီး စွန့်ပစ်စက်ဘီးစီးတွေကို ၀ယ်ယူကာ ပြင်ဆင်စုဆောင်းခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ ၃ လလောက်ကတော့ သူဟာ မလေးရှားနဲ့ စင်ကာပူနိုင်ငံတွေက စက်ဘီးစီးရေ ၁၀၀၀၀ ၀ယ်ယူခဲ့တာ ဖြစ်ပါတယ်။

ဒီစက်ဘီးတွေကို ပြုပြင်ပြီး အသုံးပြုလို့ရပြီးမှ ရန်ကုန်ကို ရေကြောင်းလမ်းကတဆင့် ပို့ဆောင်လှူဒါန်းသွားမှာဖြစ်ပြီး မန္တလေးနဲ့ စစ်ကိုင်းတိုင်းဒေသ ကျေးရွာတွေက ချို့တဲ့ ကျောင်းသားတွေကို ကနဦးပေးအပ် သွားမှာ ဖြစ်ပါတယ်။

စက်ဘီးစီးရေ ၅၀၀၀ ကိုတော့ သူ့ရဲ့ ကိုယ်ပိုင်ဝင်ငွေနဲ့ ၀ယ်ယူခဲ့တာဖြစ်ပြီး ကုန်ကျငွေ အတိအကျကိုတော့ သူက သတင်းဌာနကို ဖြေကြားဖို့ ငြင်းဆိုခဲ့တာပါ။

လက်ရှိမှာ စက်ဘီး ၃ ထောင်လောက် ရန်ကုန်ကို သင်္ဘောနဲ့ ရောက်ရှိခဲ့ပြီဖြစ်ပြီး ကျန်တာတွေကတော့ ဇွန်လကုန်လောက်မှာ ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။

ကိုးကား -Today Online

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013