DVB Logo
Home
မြန်မာသတင်း
ဦးသောဘိတကို တပ်မတော်က စွဲဆိုထားသည့် ၅၀၅ (ခ) ကို တရားရုံးက ပလပ်
DVB
·
June 6, 2019
ဦးသောဘိတကို တပ်မတော်က စွဲဆိုထားသည့် ၅၀၅ (ခ) ကို တရားရုံးက ပလပ်
Donate to DVB

ရွှေဝါရောင် ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်) ကို တပ်မတော်က နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ စွဲဆိုခဲ့တဲ့အမှုကို အမရပူရမြို့နယ်တရားရုံးက ဇွန် ၆ ရက်နေ့မှာ ပလပ်လိုက်ပါတယ်။

“တရားသူကြီးပြောသွားတာ ခင်ဗျားတို့ အားလုံးကြားမှာပဲ။ ရှေ့ဆက်လုပ်ဖို့ အခုချိန်ထိ ဘာမှမရှိသေးဘူး” လို့ တရားစွဲဆိုခဲ့တဲ့ ဒုဗိုလ်မှူးကြီး အောင်မျိုးကျော်က ပြောတယ်။

ရွှေဝါရောင်ဆရာတော် ဦးသောဘိတကို တပ်မတော်နဲ့ တပ်မတော်သား​​တွေအပေါ် ဂုဏ်သိက္ခာထိခိုက်​တယ်​ဆိုပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပြည်သူ့စစ်မှ ဦးစီးအရာရှိ (ပထမတန်း) ဒုဗိုလ်မှူးကြီး မျိုးခိုင်ဝင်းက အမရပူရမြို့မရဲစခန်းမှာ တရားလိုပြုလုပ် တိုင်တန်းခဲ့ရာ ရဲစခန်းက ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) နဲ့ အမှုဖွင့်ထားခဲ့တာပါ။ ဒီနောက် မေလ ၂၃ ရက်နေ့က အမရပူရမြို့နယ် တရားရုံးမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)နဲ့ ဒုဗိုလ်မှူးကြီး အောင်မျိုးကျော်က ထပ်မံပြီး  ဦးတိုက်လျှောက်ထားခဲ့တာပါ။

ဆရာတော်ဦးသောဘိတ(အင်္လကာကြယ်) က “ဒီနေ့ ၅၀၅ ခ နဲ့ ပတ်သက်ပြီးကို ပလပ်လိုက်တာဟာ တရားရုံးက အမှားအမှန်ကိုခွဲခြားပြီး ဆုံးဖြတ်တာမို့ သာဓုခေါ်တယ်။ ၆၆ ဃ နဲ့ ပတ်သက်ပြီး ဘာမှမသိသေးတာကြောင့် ဘာမှ မပြောနိုင်သေးဘူး” လို့ မိန့်ကြားခဲ့ပါတယ်။

တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်က “ဒုဗိုလ်မှူးကြီး အောင်မျိုးကျော် စွဲဆိုထားတဲ့အမှုကို ရဲကို စုံစမ်းဖို့ ကျင့် ၂၀၂ နဲ့ ချပေးခဲ့တယ်။ ရဲကတင်ပြလာတဲ့အပေါ် မခိုင်လုံတဲ့အတွက် တရားရုံးက ၅၀၅ (ခ) ကို ပလပ်ခဲ့တာကို တရားရေးကို ကျေနပ်မိတယ်” လို့ ပြောပါတယ်။

ဆရာတော်ဦးသောဘိတဟာ တပ်မတော်က စွဲဆိုထားတဲ့ ၆၆ ဃ ကို ဆက်လက်ရင်ဆိုင်သွားရမှာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013