DVB Logo
Home
မြန်မာသတင်း
နာမည်ကြီး ရော့ခ်အဆိုတော် မျိုးကြီးသီချင်းသစ်-နှင်းခါး(ရုပ်သံ)
DVB
·
June 6, 2019
နာမည်ကြီး ရော့ခ်အဆိုတော် မျိုးကြီးသီချင်းသစ်-နှင်းခါး(ရုပ်သံ)
Donate to DVB

“ပုံမှန်လည်ပတ်ခြင်း ရာသီခွင်ဆန့်ကျင်… ကြိုဝင်လို့ ဖြန့်ခင်း… မြူနှင်းတို့ အမှတ်မထင်… အကြင်နာရဲ့ ပျိုးခင်း… အချိန်မတန်သေးခင်… ကြွေကာ မြေခရင်း… ဝေဒနာအသီးအကင်း တစပြင်”

ဒါကတော့ တေးသီချင်းအသစ်တွေ ထွက်မလာတာကြာပြီဖြစ်တဲ့ နာမည်ကြီး ရော့ခ် အဆိုတော် မျိုးကြီးရဲ့ အသစ်ထွက်ရှိလာခဲ့တဲ့ သီချင်းတပုဒ်ထဲက စာသားတွေ ဖြစ်ပါတယ်။

နှင်းခါးလို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ တေးရေး ဂျီးနော်က ရေးစပ်ပေးထား ခဲ့တာဖြစ်ပြီး မျိုးကြီးရဲ့ တွေ့မြင်နေကျ အသံပါဝါအားကောင်းကောင်းနဲ့ သီဆိုမှုတွေနဲ့အတူ ခံစားနားဆင်ကြရမှာ ဖြစ်ပါတယ်။

“ဆောင်းတွင်းမဟုတ်ပဲ အအေးဓာတ်ဟာ လွန်ကဲ… နှင်းခါးတွေလို ငါ့အသဲကို လေ… အစိမ်းလိုက် နင်ခြွေဖို့… ကြွေပါစေ နင်ဟာ ဆောင်းမနက်ခင်း… နှင်းခါးဆို… ငါ ကိုယ်တိုင်ဟာ မရင့်ကျက်တဲ့ အသီးအကင်းအဖြစ် လည်စင်းဖို့… အို ငါ့အသဲကိုပါ… မမြင်ဟန်ဆောင် ရက်စက်စွာ… နင်းချေလို့ ထားခဲ့လိုက်ပါ”

အသက် ၄၃ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ မျိုးကြီးဟာ ဆယ်စုနှစ်နဲ့ချီပြီး မြန်မာရော့ခ်ဂီ တရေစီးထဲမှာ လွှမ်းမိုးထားနိုင်ခဲ့သူလည်း ဖြစ်ပြီး တကိုယ်တော်တေးအယ်လ်ဘမ်တွေ၊ အတွဲအယ်လ်ဘမ်တွေလည်း ထွက်ရှိခဲ့သူ ဖြစ်ပါတယ်။

၁၉၉၇ ခုနှစ်မှာ ကျောက်စာများအမည်နဲ့ ပထမဆုံးတကိုယ်တော် တေးအယ်လ် ဘမ်စတင်ထွက်ရှိခဲ့ပြီး နောက်တနှစ်မှာ ထွက်ရှိလာတဲ့ ဒုတိယမြောက်တေးအယ်လ်ဘမ် လေပြေကတော့ သူ့ကို ပရိသတ်က လက်ခံအားပေးပြီး အောင်မြင်တဲ့ ရော့ခ်အဆိုတော် တယောက်အဖြစ် လျှောက်လှမ်းလာနိုင်ခဲ့တာပါ။

အဲဒီနောက်မှာတော့ တကိုယ်တော်တေးအယ်လ်ဘမ်တွေဖြစ်တဲ့ အခမ်းနားဆုံး (၂၀၀၀)၊ အပြန်လမ်း(၂၀၀၂)၊ ဆန့်ကျင်ဘက်(၂၀၀၃)၊ နိစ္စဒူဝ(၂၀၀၆)၊ Live In Yangon (1)&(2)(၂၀၀၈)၊ ယူလိုက်(၂၀၁၀)၊ ပြောင်းလဲခြင်းများ(၂၀၁၅) စတဲ့ တေး အယ်လ်ဘမ်တွေနဲ့အတူ အတွဲတေးအယ်လ်ဘမ်တွေအဖြစ် 95 Myanmar Billboard Top Hits၊ စောဘွဲ့မှူးအမှတ်တရ၊ တို့ရဲ့ချစ်သူများနေ့၊ ရာစုသစ်၊ Iron Cross Band Unplugged၊ Iron Cross Band Acoustic စတဲ့ အယ်လ်ဘမ်တွေလည်း သီဆိုထွက်ရှိ ထားခဲ့တာ ဖြစ်ပါတယ်။

အားမန်ပါဝါအပြည့်နဲ့ ရော့ခ်သီချင်းပေါင်းများစွာကို သီဆိုရင်း နာမည်ကြီးရော့ခ် တေးဂီတအဖွဲ့ အိုင်စီနဲ့အတူ ရှိုးပွဲတွေမှာရော တကိုယ်တော်ဖျော်ဖြေမှုတွေမှာပါ အောင် မြင်ခဲ့တဲ့ မျိုးကြီးရဲ့ ခုထွက်ရှိလာတဲ့ သီချင်းသစ်ကလည်း ပရိသတ်တွေကို ဖမ်းစားနိုင်မှာ ဖြစ်ပါတယ်။

“ကြိုတင်လှည့်စားခြင်း… သူဝှက်ဖဲဆင်… မြင်နိုင်ဖို့ခဲယဉ်း… အရောင်ရနံ့ကင်းတဲ့ အဆိပ်လို… ချိုမြိန်သိမ်မွေ့ခြင်း… သကာကို အပြုံးစင်… ခံနိုင်ရည်မဲ့ရင်း… ဖြူလျော် သွေးဆုတ် ဘ၀အဖြစ်… အချစ်တို့ ခြုံထည်မဲ့… အပြစ်ဖို့ မလုံတော့လည်း… နှင်းခါးတွေ လို အငြိုးနဲ့ရင်ကို လှုပ်ခတ်ခြွေပြီမို့”

ဒီသီချင်းကိုတော့ ဇာတ်လမ်းပုံစံဆင်ရိုက်ကူးထားခဲ့တာဖြစ်ပြီး သက်ဦးစံ၊ အိအိဖြူ တို့က သရုပ်ဆောင်ထားပေးပြီး ဒါရိုက်တာ ဇော်ကိုကိုက ရိုက်ကူးပုံဖော်ပေးထားခဲ့တာ ဖြစ်ပါတယ်။

Tay Than Thar Music အမည်နဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက် စာမျက်နှာပေါ်မှတဆင့် မျှဝေထားခဲ့တဲ့ ဒီသီချင်းရုပ်သံဗွီဒီယိုဖိုင်ဟာ မျိုးကြီးပရိသတ်တွေအတွက် အလွမ်း ပြေစေမှာဖြစ်ပြီး လတ်တလောအချိန်ထိ ၀င်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ သိန်းနဲ့ချီ ရှိနေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013