DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲကော်မရှင် ဘက်လိုက်နေဟု ကြံ့ခိုင်ရေးပါတီစွပ်စွဲ  
DVB
·
June 5, 2019
ရွေးကောက်ပွဲကော်မရှင် ဘက်လိုက်နေဟု ကြံ့ခိုင်ရေးပါတီစွပ်စွဲ  
Donate to DVB

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ ဘက်လိုက်မှုတွေ ရှိနေတယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ပြောပါတယ်။

“လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့က ပြီးခဲ့တဲ့ ရွေးကောက်ပွဲ အဆင့်ဆင့် ရဲ့ဆောင်ရွက်ချက်တွေကြည့်မယ်ဆိုရင် ဘက်လိုက်မှုတွေရှိနေတာကို တွေ့ရပါတယ်။ တရားမျှတမှုမရှိလို့လည်း နိုင်ငံရေးပါတီတွေအားလုံးက ခံစားရတယ်။ ရွေးကော်ပွဲကော်မရှင် အဆင့်ဆင့်ကို ဖွဲ့စည်းတဲ့ နေရာမှာလည်း တိုင်ကြတောကြနဲ့  ပါတီအသီးသီးက ကန့်ကွက်ကြတာတွေနဲ့ ဒီမသမာမှု ဖြစ်စဉ်တွေ ဖြစ်နေတာကိုလည်း ကျနော်တို့ ဒါကိုတွေ့နေရတယ်”လို့ ဒေါက်တာ နန္ဒာလှမြင့်က ပြောပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ နိုင်ငံရေးပါတီတွေကို တွေ့ဆုံမှုမရှိဘူးဆိုရင် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲဟာ  လွတ်လပ်ပြီး တရားမျှတမှု မရှိနိုင်ဘူးလို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့အစိုးရလက်ထက်က တာဝန်ယူခဲ့တဲ့ ရွေးကောက်ပွဲကော်မရှင်ဟာ ဆိုရင် နိုင်ငံရေးပါတီတွေနဲ့ ၃၇ ကြိမ် တွေ့ဆုံညှိနှိုင်းခဲ့တဲ့အပြင် တနှစ်တကြိမ် နိုင်ငံတော်သမ္မတ ပါဝင်ပြီးတော့မှ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလို တွေ့ဆုံညှိနှိုင်းမှုတွေကြောင့်လည်း ဂုဏ်သိက္ခာရှိရှိနဲ့ နိုင်ငံတကာက အသိအမှတ်ပြုတဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကြီးကို ကျင်းပနိုင်ခဲ့ကာ အခုလို အန်အယ်လ်ဒီ အစိုးရဖြစ်ပေါ်လာတာလို့ လည်း ဒေါက်တာနန္ဒလှမြင့်က ပြောပါတယ်။

ဒီကနေ့ ဇွန်လ ၅ ရက်နေ့က နေပြည်တော်မှာရှိတဲ့ ရတနာသိင်္ဃဟိုတယ်မှာ ကျင်းပတဲ့ ပါတီရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013