DVB Logo
Home
မြန်မာသတင်း
မိ မော် မေ မ ကာတွန်းရုပ်ပြနှင့် ကာတွန်းဝင်းမောင်၏ လက်ရာများပြသ
DVB
·
June 5, 2019
မိ မော် မေ မ ကာတွန်းရုပ်ပြနှင့် ကာတွန်းဝင်းမောင်၏ လက်ရာများပြသ
1 / 3
Donate to DVB

မိ မော် မေ မ ကာတွန်းရုပ်ပြတွေနဲ့ နာမည်ကြီးခဲ့တဲ့ ကာတွန်းဝင်းမောင် အမှတ်တရ ကာတွန်းပြပွဲကို ရန်ကုန်မြို့ ၃၅ လမ်း ရှိ Moon Art Gallery မှာ ပြသနေပါတယ်။

ဇွန် ၄ ရက်ကနေ ၆ရက်အထိ သုံးရက်ကြာပြသနေတာဖြစ်ပြီး ကာတွန်းကားချပ်ပေါင်း ၇၀ လောက် ခင်းကျင်းပြသထားတာဖြစ်ပါတယ်။

ကာတွန်းဝင်းမောင်ပြပွဲကို စီစဉ်ပြသသူ ကာတွန်းမောင်မောင်အောင်က သူ့ဆရာရဲ့ ကာတွန်းတွေကို အခုလို တစုတစည်းထဲ ပြသနိုင်ဖို့ ၇ နှစ်ကြာ ရှာဖွေစုဆောင်းခဲ့ရတယ်လို့ ပြောပါတယ်။

“ကျနော် ၂၀၁၂ခုနှစ်ကတည်းက ရှာဖွေစုဆောင်းခဲ့တာ အမျိုးသားပြတိုက်တို့ အမျိုးသား စာကြည့်တိုက်တို့က ရှာဖွေရတာပေါ့။ ကျနော်ကိုယ်တိုင် စုဆောင်းထားတာလည်း ပါပါတယ်။ ကာတွန်းနဲ့ပတ်သက်လို့သင်ကြားပြသပေးခဲ့ရုံမကဘဲ စာဖတ်ဖို့ပါ လမ်းညွှန်ပေးခဲ့တဲ့သူပါ”

ကာတွန်းဝင်းမောင်ရဲ့ ကာတွန်းအများစုဟာ ၁၉၇၀ ခုနှစ်ခေတ်ကာလကို အခြေခံထားပြီး ရေးဆွဲထားတာဖြစ်ပါတယ်။

ကာတွန်းဝင်းမောင်ရဲ့ ကာတွန်းပြပွဲကို လာကြည့်သူတဦးက ကာတွန်းဝင်းမောင်ရဲ့ ရေးဟန်ဟာ ကာတွန်းဦးအောင်ရှိန်နဲ့ ကာတွန်းသော်ကတို့ရဲ့ ရေးဟန်တွေ လွှမ်းမိုးနေတယ်လို့ သုံးသပ်ပြောပါတယ်။

ပြပွဲမှာ ကာတွန်းဝင်းမောင်ရဲ့ ကာတွန်းရေးသားနည်းစာအုပ်၊ ပို့စကတ်နဲ့ မိမော်မေမ ရုပ်ပုံပါ တီရှပ်တွေကို ရောင်းချပေးထားပါတယ်။

ကာတွန်းဝင်းမောင်ဟာ ကာတွန်းပညာကို ကာတွန်းဦးဗကလေး၊ ဦးဖေသိန်း၊ ဦးဟိန်းစွန်း၊ ဦးအောင်ရှိန်တို့ထံမှာ သင်ယူခဲ့ပြီး သူငယ်ချင်းဖြစ်တဲ့ ကာတွန်းသော်ကဆီက အမျိုးသမီးပုံ အချိုးတွေကို လေ့လာခဲ့ပါတယ်။

၁၉၅၅ ခုနှစ်ကစပြီး ကာတွန်းရေးဆွဲခဲ့တဲ့ ကာတွန်းဝင်းမောင်ဟာ ၁၉၇၅ခုနှစ် အသက် ၃၆ နှစ်အရွယ်မှာ နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013