DVB Logo
Home
မြန်မာသတင်း
အိချောပိုနှင့် ထိုင်းမင်းသမီး ကရာဗီတို့ ပါဝင်သည့် လေဒီဘွိုင်းရုပ်ရှင် ရုံတင်မည်
DVB
·
June 5, 2019
အိချောပိုနှင့် ထိုင်းမင်းသမီး ကရာဗီတို့ ပါဝင်သည့် လေဒီဘွိုင်းရုပ်ရှင် ရုံတင်မည်
1 / 6
Donate to DVB

    နာမည်ကြီးသရုပ်ဆောင်မင်းသမီး အိချောပို၊ ထိုင်းသရုပ်ဆောင် မင်းသမီး ကရာဗီတို့ရဲ့ Sexy ကျကျ အလှအပတွေနဲ့  သရုပ်ဆောင်မှုတွေကို ရှုစားကြရမယ့် လေဒီဘွိုင်းရုပ်ရှင်ကားကို လာမယ့် ဇွန်လ ၆ ရက်နေ့မှာ မြန်မာနိုင်ငံတ၀န်း ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

    ဒီရုပ်ရှင်ကားကိုတော့ မြန်မာနာမည်ကြီး သရုပ်ဆောင်မင်းသားမင်းသမီးတွေနဲ့ ယိုးဒယား သရုပ်ဆောင်တွေ ပူးပေါင်းပါဝင်ထားကြတာ ဖြစ်ပြီး ထိုင်းနိုင်ငံမှာ ရိုက်ကူးထားတာဖြစ်ပါတယ်။

ဒီကားကို Bo Bo Entertainment က တင်ဆက်လိုက်တာဖြစ်ပြီး ဓနုတ်ကိုကို ဇော်ရဲ့ ဇာတ်လမ်းကို ဒါရိုက်တာ ကိုပေါက်က ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားထဲမှာတော့ ထိုင်းကိုရောက်သွားတဲ့ လူတယောက်က ဘာသာစကား အခက်အခဲတွေ၊ နားမလည်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ အခြေအနေတွေကို ရိုက်ကူး တင်ဆက် ထားတာဖြစ်ပြီး ဘယ်လို အလွဲအချော်တွေ၊ ကမောက်ကမဟာသဇာတ်လမ်း ဇာတ်ကွက်တွေ၊ အက်ရှင်ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ဖန်တီးပုံဖော်ထားမလဲ ဆိုတာကိုတော့ မကြာခင်မှာ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။

ဒီကားထဲမှာတော့ မြန်မာနာမည်ကြီး သရုပ်ဆောင်မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ ပြေတီဦး၊ ကျော်ကျော်ဗို၊ ထူးအောင်၊ ခင်လှိုင်၊ ဂျိုကာ၊ အိချောပိုတို့နဲ့အတူ ထိုင်းသ ရုပ်ဆောင်မင်းသမီး ကရာဗီတို့က ခေါင်းဆောင်ပါဝင်ထားကြတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ အလှအပတွေနဲ့အတူ ပုံစံတမျိုးနဲ့ တင်ဆက်ထားတဲ့ ဒီရုပ်ရှင်ကားရဲ့ အထူးပွဲပြသမှုကိုတော့ ပြီးခဲ့တဲ့ ဇွန်လ ၃ ရက်နေ့က ရန်ကုန်မြို့၊ သမ္မတရုပ်ရှင်ရုံမှာ ပြုခဲ့ပါတယ်။

လတ်တလောမှာတော့ ဒီရုပ်ရှင်ကား Trailer ဟာ တရက်အတွင်း ဖေ့စ်ဘွတ်ခ် အင်တာနက်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ၀င်ရောက်ကြည့်ရှုသူ ၂ သန်းကျော် ရှိနေခဲ့တာ ဖြစ်ပါ တယ်။

ဓာတ်ပုံ- Mingalar Cinemas

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013