DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင် ရင်းနှီးမြှုပ်နှံလုပ်ငန်းများ ပတ်ဝန်းကျင်ညစ်ညမ်းမှုရှိမရှိ စစ်ဆေးပြီးမှ ခွင့်ပြုမည်
DVB
·
June 5, 2019
စစ်ကိုင်းတိုင်းတွင် ရင်းနှီးမြှုပ်နှံလုပ်ငန်းများ ပတ်ဝန်းကျင်ညစ်ညမ်းမှုရှိမရှိ စစ်ဆေးပြီးမှ ခွင့်ပြုမည်
1 / 5
Donate to DVB

စစ်ကိုင်းတိုင်းအတွင်း လာရောက်ရင်းနှီးမြှုပ်နှံကြတဲ့ လုပ်ငန်းတွေကို လေထု ညစ်ညမ်းမှု မရှိတဲ့ နည်းပညာတွေ အသုံးပြုစေဖို့နဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိစေရေး သေချာစွာ စစ်ဆေးကြပ်မတ်ပြီးမှသာ ခွင့်ပြုမယ်လို့   ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်က ပြောပါတယ်။

ဇွန်လ ၅ ရက်မှာကျရောက်တဲ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားကို တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ဦးစီးပြီး မုံရွာမြို့၊ မြို့တော်ခန်းမမှာ ကျင်းပရာမှာ ပြောကြားခဲ့တာပါ။

စစ်ကိုင်းတိုင်းအနေနဲ့ ရေထု၊ လေထုနဲ့ပတ်သက်ပြီး စက်ရုံ၊ အလုပ်ရုံတွေကနေတဆင့် စွန့်ပစ်ပစ္စည်းတွေ၊ မီးခိုးငွေ့၊ ဖုန်မှုန့်နဲ့ အနံ့အသက်ဆိုးတွေကို စိစစ်အရေးယူပေးဖို့ တိုင်းပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနကို တိုင်ကြားစာအနေနဲ့ ၂၀၁၈ ခုနှစ်မှာ တိုင်ကြားစာ ၁၈ စောင် ရရှိခဲ့လို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ပေးခဲ့ရတယ်လို့ တိုင်းညွှန်ကြားရေးမှူး ဦးသိန်းဌေးက ပြောပါတယ်။

ကမ္ဘာပေါ်မှာ လေထုညစ်ညမ်းမှုက အဓိကပြဿနာဖြစ်နေပေမယ့် မြန်မာနိုင်ငံမှာတော့ ရေထုညစ်ညမ်းမှုက အဓိကဖြစ်နေတယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ရဲ့ လေ့လာတွေ့ရှိချက်အရ မြန်မာနိုင်ငံမှာ လေထု ညစ်ညမ်းမှုကြောင့် နှစ်စဉ် လူပေါင်း ၂၂၀၀၀ ခန့်သေဆုံးနေတယ်လို့သိရပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက ကလေးငယ်တွေသေဆုံးမှုရဲ့ ၆၀ ရာခိုင်နှုန်းကျော်ဟာ အိမ်တွင်း လေထုညစ်ညမ်းမှု ကြောင့်ဖြစ်တယ်လို့ WHOရဲ့စစ်တမ်းမှာ ဖော်ပြပါတယ်။

ဒီနှစ်အတွက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်က သန့်စင်သောလေရှုရှိုက်ဖို့ လေထုညစ်ညမ်းမှု တိုက်ဖျက်စို့ ဖြစ်ပါတယ်။

ဒီကနေ့ အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်တွေ၊ ကျောင်းသားကျောင်းသူတွေ၊ ဌာနဆိုင်ရာတွေ လုပ်ငန်းရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။

အခမ်းအနားမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကို အလေးထားဆောင်ရွက်တဲ့ လူပုဂ္ဂိုလ်တွေ၊ စက်ရုံအလုပ်ရုံတွေနဲ့စာစီစာကုံး ဆုရကျောင်းသား ကျောင်းသူတွေကိုလည်း ဆုတွေချီးမြှင့်ခဲ့ပါသေး တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013