DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ်အစိုးရက မျိုးစပါးနှင့် မြေသြဇာများ ၀ယ်ယူစုဆောင်းမည်
DVB
·
June 5, 2019
ကရင်ပြည်နယ်အစိုးရက မျိုးစပါးနှင့် မြေသြဇာများ ၀ယ်ယူစုဆောင်းမည်
1 / 4
Donate to DVB

တောင်သူတွေ မိုးစပါးစိုက်ပျိုးပြီးချိန် ရေကြီးနစ်မြုပ်ခဲ့ရင် မျိုးစပါးပြန်လည်အစားထိုး စိုက်ပျိုးနိုင်ဖို့ မျိုးစပါးတင်း ၅၀၀၀ ကျော်နဲ့ မြေသြဇာအိတ် ၁၀၀၀၀ ကို ၀ယ်ယူ စုဆောင်းသွားမယ်လို့ ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသန်းထိုက်က ပြောပါတယ်။

ကရင်ပြည်နယ်အတွင်း နှစ်စဉ် ရေကြီးနစ်မြုပ်မှုကြောင့် စိုက်ပျိုးပြီးမိုးစပါးခင်းတွေ ပျက်စီး ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့အတွက် တောင်သူတွေ အချိန်မီပြန်လည်စိုက်ပျိုးနိုင်ဖို့ ရက်တို စပါးမျိုးနဲ့ ဆင်းသုခစပါးမျိုးတွေ ၀ယ်ယူဖို့ ကြိုတင်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ပြည်နယ်ဦးစီးမှူး ဦးသန်းထိုက် က “ကရင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ လမ်းညွှန်ကြီးကြပ်မှုကိုခံယူပြီး မျိုးစပါးတွေ၊ မြေသြဇာအိတ် ၁၀၀၀၀ စုဆောင်းထားရှိပြီး အရန်မျိုးစပါးတင်း ၅၁၀၀ ကိုဝယ်ယူစုဆောင်းဖို့ အသေးစိတ်စီမံချက်တွေ ချထားသလို ၀ယ်ယူမယ့်တောင်သူတွေနဲ့ ချိတ်ဆက်ထားပြီးဖြစ်တယ်”လို့ ပြောပါတယ်။

ကရင်ပြည်နယ် မိုးလေ၀သနှင့်ဇလဗေဒဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကိုကိုက“သဘာဝဘေးအန္တရာယ်ဆိုတာ ကြည့်လိုက်မယ်ဆိုရင် တနှစ်ထက်တနှစ် လျော့သွားတယ် မရှိဘူး။ ဘေးအန္တရာယ် ပြင်းထန်လာတာရှိတယ်။ ဒီိလိုတွေ ပြင်းထန်လာတဲ့ အတွက်ကြောင့်မို့လို့ အထူးဂရုပြုစေချင်တယ်”လို့ ပြောပါတယ်။

စိုက်ပျိုးရေးဦးစီးဌာနက ကြိုတင်ပြင်ဆင်မှုအနေနဲ့ တောင်သူတွေကို မိုးလေ၀သသတင်း နေ့စဉ်ပြန်လည် ထုတ်ပြန်ခြင်း၊ ပိုးမွှားကာကွယ်ရေး၊ ရွှေခရု၊ ကြွက်၊ ဖောအာမီဝမ်း ဖျက်ပိုး ကာကွယ်နည်း၊ မိုးကြိုးကာလ မျိုးကောင်းမိုးသန့်ဖြန့်ဖြူးရေး၊ မြေအသုံးချရေး၊ သီးနှံ ကာကွယ်ရေးတွေကို တိုးချဲ့ဝန်ထမ်းတွေနဲ့ ပူးပေါင်းပြီး တောင်သူတွေကို တိုက်ရိုက်ထိတွေ့ သင်ကြားပြသ ပညာပေးနေပါတယ်။

အခုနှစ်မှာ သံလွင်မြစ်ရေဟာ ဘားအံမြို့ရဲ့ စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာ အထက် ၈ ပေမှ ၁၁ ပေအထက်ကို ရောက်ရှိနိုင်တယ်လို့ မိုးလေ၀သနှင့်ဇလဗေဒဌာနက ထုတ်ပြန်ထားပြီး ၂၀၁၈ ခုနှစ်က စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာအထက် ၁၁ ပေအထက်ကို ရောက်ရှိခဲ့ပါတယ်။

၂၀၁၈ ခုနှစ် ဇွန်လကနေ ဇူလိုင်လအထိ ရေကြီးခဲ့တဲ့အတွက် ကရင်ပြည်နယ်ရဲ့ မြို့နယ် ၅ ခုမှာ စိုက်ပျိုးပြီး မိုးစပါးဧက ၃ သိန်းကျော်မှ ဧက ၃ သောင်းကျော် ပျက်စီးဆုံးရှုံးခဲ့ရာ ဧက ၂ သောင်းနီးပါးသာ ပြန်လည်စိုက်ပျိုးနိုင်ခဲ့ပါတယ်။

ကရင်ပြည်နယ်အတွင်း မိုးစပါးစိုက်ပျိုးနိုင်တဲ့ လျာထားမြေဧက ၄ သိန်းကျော်ရှိပြီး အခြားသီးနှံစိုက်ပျိုးဧက ၅ သောင်းကျော် ရှိပါတယ်။

သတင်း- ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013