DVB Logo
Home
မြန်မာသတင်း
ယခင်​အစိုးရမကောင်းကြောင်း မပြောရန် မ​ကွေးတိုင်း​ ကြံ့ခိုင်ရေးပါတီပြော
DVB
·
June 5, 2019
ယခင်​အစိုးရမကောင်းကြောင်း မပြောရန် မ​ကွေးတိုင်း​ ကြံ့ခိုင်ရေးပါတီပြော
1 / 2
Donate to DVB

အရင်အစိုးရအ​ပေါ် မကောင်းကြောင်းပြောဆို ဝေဖန်ပြစ်တင်တာတွေ မလုပ်ဖို့  လက်ရှိ မ​ကွေးတိုင်း​ဒေသကြီးအစိုးရကို မကွေးတိုင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြောကြားလိုက်ပါတယ်။

လက်​ရှိအစိုးရအဖွဲ့အ​နေနဲ့ ပြီးခဲ့တဲ့ ၃ နှစ်​တာ​ဆောင်​ရွက်​ချက်​​တွေ သတင်းစာရှင်းလင်းပွဲမှာ အရင်​အစိုးရအ​ပေါ် ပြစ်​တင်​မှု​တွေရှိ​နေတဲ့အတွက်​ ဇွန်​လ ၄ ရက်​​ မနက်​က မ​ကွေးတိုင်း ကြံ့ခိုင်ရေးပါတီက  သတင်း​စာရှင်းလင်း​ပြောကြားခဲ့တာပါ။

၅နှစ်​တစ်​ကြိမ်​ အစိုးရ အ​ပြောင်းလဲရှိ​နေမှာဖြစ်​ပြီး အရင်​အစိုးရ မ​ကောင်း​ကြောင်းကို ​ပြော​နေမယ့်​အစား မိမိရဲ့လုပ်​​ဆောင်​ချက်​ကိုပဲ အ​ကောင်​ဆုံးဖြစ်​​အောင်​ လုပ်​​ဆောင်​​စေ ချင်​တယ်​ မ​ကွေးတိုင်း​ကြံ့ခိုင်ရေးပါတီ ​ပြော​ရေးဆိုခွင့်​ရှိသူ ဦး​အောင်​နိုင်​လင်းက ပြောပါတယ်။

"မ​ကွေးတိုင်း​ဒေသကြီး အစိုးရအဖွဲ့ သုံးနှစ်​တာလုပ်​​ဆောင်​ချက်​ သတင်းစာရှင်းလင်းပွဲမှာ လမ်း​​ဖောက်​တာ​တွေ၊ ​ဆေးခန်း​ဆောက်​တာ​တွေ၊ စာသင်​​ကျောင်း​ဆောက်​တာ​တွေ ​ယေဘုယျ အားဖြင့် ​ပြောသွားတယ်​။ လမ်း​ဖောက်​တာ​တွေက​တော့ ​ကောင်းပါတယ်။ ​ကောင်းတဲ့ဟာ​တွေကို ကြိုဆိုပါတယ်​။ သို့​သော်​လည်း လုပ်​​ဆောင်ချက်တွေ​ပြောတဲ့ အခါမှာ အရင်​လူဆိုတဲ့ စကားရပ်​ကို ထည့်​ပြော​လေ့ရှိပါတယ်​။”

ကြံ့ခိုင်ရေးပါတီအ​နေနဲ့ အတိုက်​ခံပါတီဖြစ်​​ပေမယ့် အတိုက်ခံမလုပ်ဘဲ ​ လက်​ရှိအစိုးရရဲ့ လုပ်​​ဆောင်​ချက်​​တွေကို​စောင့်ကြည့်တဲ့ အ​နေထားနဲ့ဘဲ ရပ်​တည်​ခဲ့ပြီး ပြည်​သူထိခိုက်​မှုများပြား လာပါက ပြည်​သူ့​ရှေ့ က​နေ အတိုက်​ခံအဖြစ်​ရပ်​တည်​သွားမယ်လို့လည်း ဆိုပါတယ်။

ဦး​အောင်​နိုင်​လင်းက “စွမ်းအင်​ဝန်​ကြီးကိုယ်​တိုင်​ကလည်း ဆိုလာဓာတ်​အား​ပေးစက်​ရုံနဲ့ ပတ်​သက်​လို့ အရင်​လူ​တွေ အမ်အိုယူ လက်​မှတ်​ထိုးခဲ့လို့ တယူနစ် ၁၉၀ ကျပ်​ကျတယ်​ဆိုတဲ့ စကားရပ်​ကို ထည့်သုံးထားတယ်​။ စာသင်​​ကျောင်း​တွေ အဆင့်တိုးမြှင့်တဲ့​နေရာမှာလည်း တိုးမြှင့်​ကြောင်း ပြချင်​ရုံနဲ့ ဆရာ ဆရာမလုံ​လောက်​မှု မရှိဘူး။ ​ကျေးလက်​လမ်း​တွေ​ ငွေကုန်​ခံပြီး အဆင့်​မြှင့်တင်​​ ပေး​ပေမယ့်လည်း ထုတ်​ကုန်​မရှိလို့ သစ်​ခိုးထုတ်​တာ​တွေ ပိုများလာတယ်​။ လျှပ်​စစ်​မီးဆိုရင်​လည်း အချိန်​ပိုင်းနဲ့ ပေး​နေတာ ယ​နေ့ထိဖြစ်​တယ်​။ စစ်​အစိုးရလက်​ထက်​က ​အချိန်​ပိုင်းနဲ့​ပေးခဲ့​ပေမယ့်​ ပြည်​ခိုင်​ဖြိုး အစိုးရလက်​ထက်​မှာ အချိန်​ပြည့်ပေးခဲ့တယ်​"လို့ သတင်း​ထောက်​​တွေကို​ပြောပါတယ်​။

မ​ကွေးတိုင်း​ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအ​နေနဲ့ မ​ကွေးတိုင်း အ​ခြေစိုက်​ သတင်း​ထောက်​​တွေနဲ့ အခုလို တွေ့ဆုံတာ ဒုတိယကြိမ်​​မြောက်​ဖြစ်​ပါတယ်​။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013