DVB Logo
Home
မြန်မာသတင်း
လေထုညစ်ညမ်းသည့် စက်ရုံများကို ပိတ်ပစ်မည်ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းပြော
DVB
·
June 5, 2019
လေထုညစ်ညမ်းသည့် စက်ရုံများကို ပိတ်ပစ်မည်ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းပြော
1 / 4
Donate to DVB

ရန်ကုန်မြို့ကို အစိမ်းရောင်မြို့အဖြစ် အကောင်အထည်ဖော်နေပြီး လေထု ညစ်ညမ်းတဲ့စက်ရုံတွေကို ပိတ်ပစ်မယ်လို့  ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်ပါတယ်။

ဒီကနေ့ ဇွန်လ ၅ရက် မနက်က  ရန်ကုန်တက္ကသိုလ်စိန်ရတုခန်းမမှာ ကျင်းပတဲ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ မိန့်ခွန်းမှာ ပြောကြားလိုက်တာပါ။

ဇွန်လ ၅ ရက်နေ့ဟာ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဖြစ်ပြီး ဒီနှစ်ရဲ့ ဆောင်ပုဒ်ကတော့ သန့်စင်သောလေရှူရှိုက်ဖို့ လေထုညစ်ညမ်းမှုတိုက်ဖျက်စို့ ဖြစ်ပါတယ်။

ကမ္ဘာတ၀န်းမှာ လေထု ညစ်ညမ်းမှုကြောင့် နှစ်စဉ် လူပေါင်း ၇ သန်းနီးပါး အရွယ်မတိုင်ခင် သေဆုံးနေရပြီး အဲဒီထဲက ၄ သန်းလောက်ဟာ  အာရှပစိဖိတ်ဒေသက ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)ရဲ့ လေ့လာတွေ့ရှိချက်အရ သိရပါတယ်။

မြန်မာနိုင်ငံမှာ လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ် လူပေါင်း ၂၂၀၀၀ ခန့်သေဆုံးနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင်မြန်မာနိုင်ငံက ကလေးငယ်တွေသေဆုံးမှုရဲ့ ၆၀ရာခိုင်နှုန်းကျော်ဟာ အိမ်တွင်း လေထုညစ်ညမ်းမှုကြောင့်ဖြစ်တယ်လို့ WHOရဲ့စစ်တမ်းမှာ ဖော်ပြထားပါတယ်။

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားကို ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင်တွေ၊ ဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013