DVB Logo
Home
မြန်မာသတင်း
တာချီလိတ် ရွှေဆိုင်တဆိုင်တွင် ကျပ်သိန်း ၂၅၀၀ တန်ဖိုးရှိ ရွှေထည်များ ဓားပြတိုက်ခံရ
DVB
·
June 4, 2019
တာချီလိတ် ရွှေဆိုင်တဆိုင်တွင် ကျပ်သိန်း ၂၅၀၀ တန်ဖိုးရှိ ရွှေထည်များ ဓားပြတိုက်ခံရ
Donate to DVB

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ မဲခေါင်ရပ်ကွက်ရှိ “နန်းနန်းဘွန်းကျောက်” ရွှေဆိုင်အမှတ် ၂ မှာ မနေ့က ဆိုင်ကယ်သမား ၂ဦးက သေနတ်ပြပြီး ရွှေထည်ပစ္စည်းတွေ လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဇွန်လ ၃ ရက်မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန်က နန်းနန်းဘွန်းကျောက်ရွှေဆိုင်ကို မျက်နှာဖုံးစွပ် ဆိုင်ကယ်ဦးထုပ်ဆောင်းပြီး သေနတ်အတိုတလက် ကိုင်ဆောင်ထားတဲ့ အမျိုးသား တဦးနဲ့ သံတူ တချောင်းကိုင်ဆောင်ထားတဲ့ အမျိုးသားတဦးတို့ ဆိုင်ကယ်နဲ့ရောက်ရှိလာပြီး ဆိုင်ရှင် ဦးအိုက်ဘွန်းရဲ့ အဒေါ် ဒေါ်နန်းမိုးနဲ့ အရောင်းဝန်ထမ်း ဒေါ်မိုးမိုးကြိုင် တို့ကို သေနတ်နဲ့ ချိန်ရွယ်ပြီး ခြိမ်းခြောက် ပြောဆိုကာ ဆိုင်အတွင်းခင်းကျင်းထားတဲ့ ရွှေထည်ပစ္စည်းတွေကို လုယက်ခဲ့တာပါ။

ရွှေဆိုင်က ရွှေဆွဲကြိုးမျိုးစုံ ၁၃၀ ကုံး၊ ဟန်းချိန်း ၁၆ ခု၊ စုစုပေါင်းအလေးချိန် ၂၃၄.၂၅ ဘတ်သား၊ ငွေကျပ် ၂၄၉,၄၁၀,၀၀၀ တန်ဖိုးရှိ ရွှေထည်ပစ္စည်းတို့ကို လုယက်သူတွေက ယူဆောင်သွားခဲ့တယ်လို့ ရဲသတင်းမှာ ဖော်ပြပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး ရွှေဆိုင်ပိုင်ရှင် ဦးအိုက်ဘွန်းက အရေးယူပေးဖို့ တိုင်တန်းချက်အရ တာချီလိတ်မြို့မရဲစခန်းက  လုယက်သူ အမျိုးသား ၂ ဦး ကို ရာဇသတ်ကြီး ပုဒ်မ ၃၉၂နဲ့ အမှုဖွင့်ထားပြီး တရားခံတွေ ဖော်ထုတ်ဖမ်းဆီးနိုင်ရေး ဆောင်ရွက်နေပါတယ်။

ပြီးခဲ့တဲ့ မတ်လကုန်ပိုင်းကလည်း တာချီလိတ်မြို့၊ ဗိုလ်ချုပ်လမ်းမှာ ဖွင့်ထားတဲ့ နန်းနန်းဘွန်းကျောက်ဆိုင်ကို လက်နက်ကိုင်လူ ၆ ယောက်က ဓားပြတိုက်ခဲ့ပါသေးတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013