DVB Logo
Home
မြန်မာသတင်း
ဂျပန်နိုင်ငံကို​ မြန်​မာလုပ်​သား ၁၀၀၀ ကျော်​ စတင်​စေလွှတ်​​မည်
DVB
·
June 4, 2019
ဂျပန်နိုင်ငံကို​ မြန်​မာလုပ်​သား ၁၀၀၀ ကျော်​ စတင်​စေလွှတ်​​မည်
Donate to DVB

ဂျပန်​နိုင်​ငံက ​ဆောက်​လုပ်​​ရေး၊ ဟိုတယ်​နဲ့ စိုက်​ပျိုး​ရေးလုပ်ငန်းတွေအတွက်​ မြန်​မာလုပ်​သား ၁၀၀၀ ကျော်​ကို အခုနှစ်​သြဂုတ်​လကစပြီး ​စေလွှတ်​​တော့မှာပါ။

ဂျပန်​နိုင်​ငံကို လုပ်​သား​စေလွှတ်​နိုင်​​ဖို့အတွက်​ ဂျပန်​အစိုးရကအသိအမှတ်​ပြုထားတဲ့ One Heart Corporation Group ၊  One Heart Human Resources Union လက်​ခံ​ရေးအဖွဲ့နဲ့ မြန်​မာအစိုးရက အသိအမှတ်​ပြုထားတဲ့ ပြည်​ပအကျိုး​ဆောင် ​အလုပ်​သမား​စေလွှတ်​​ရေးအဖွဲ့ ၅ ခုတို့ ​မေလ ၂၉ရက်​​က သ​ဘောတူလက်​မှတ်​​ရေးထိုးခဲ့ပါတယ်။

ဂျပန်​နိုင်​ငံကို သွား​ရောက်​အလုပ်​လုပ်​ကိုင်​လိုတဲ့ မြန်​မာလုပ်​သား​တွေအ​နေနဲ့ ဂျပန်​စာ N4 တတ်​​မြောက်​ပြီးသူဖြစ်​ရမှာပါ။

လက်​ရှိအချိန်​မှာ ဂျပန်​နိုင်​ငံအ​နေနဲ့ လုပ်​သား ၅သိန်း​ကျော်​လိုအပ်​နေပြီး မြန်​မာနိုင်​ငံမှာ ရှိတဲ့ ​အေဂျင်​စီ ၂၄၂ ခုလုံးက ဂျပန်​ကို တရားဝင်​အလုပ်​သမား​စေလွှတ်​ခွင့် ရရှိထားပါတယ်​။

လုပ်​သား​တွေကို အစိုးရကသတ်​မှတ်​ထားတဲ့ ​အေဂျင်​စီနှုန်းအတိုင်း ​စေလွှတ်​သွားမှာဖြစ်​ပြီး အလုပ်​လုပ်​ကိုင်​ခွင့်​ကာလ ၃နှစ်​၊ ၅နှစ်​နဲ့ ၁၀နှစ်​ ဆိုပြီး သက်​တမ်း​တွေကိုသတ်​မှတ်​ထားပါတယ်​။

အရင်​က ဂျပန်​နိုင်​ငံကို ​ကျောင်း​ဗီဇာအ​နေနဲ့သာ သွား​ရောက်​ရတာဖြစ်​​ပေမယ့် အခုအလုပ်​သမားအ​နေနဲ့​ တရားဝင်​​ခေါ်ယူတာ ပထမဆုံးအကြိမ်​ဖြစ်​ပါတယ်​။

သတင်း-စုစု

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013