DVB Logo
Home
သတင်းဓာတ်ပုံ
အကျဉ်းသား ၄၅၂ ဦးကို လွတ်ငြိမ်းခွင့်ပေး
DVB
·
November 15, 2012
အကျဉ်းသား ၄၅၂ ဦးကို လွတ်ငြိမ်းခွင့်ပေး
1 / 2
Donate to DVB

သမ္မတ ဦးသိန်းစိန်ဟာ ဒီနေ့ နိုင်ငံခြားသား အကျဉ်းသားတွေအပါအဝင် စုစုပေါင်း အကျဉ်းသား ၄၅၂ ဦးကို လွတ်ငြိမ်းသက်သာခွင့် ပေးလိုက်တယ်လို့ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထား ပါတယ်။ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကလည်း ထုတ်လွှင့်ပေးသွားမှာ ဖြစ်ပါတယ်။

နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂ဝ၄၊ ပုဒ်မခွဲ (က) နဲ့အညီ အကျဉ်းထောင်အသီးသီးမှ ပြစ်ဒဏ်တွေကို ထိုက်သင့်စွာကျခံပြီးကြသော အသက်အရွယ်ကြီးရင့်သူတွေ၊ ကျန်းမာရေးချို့တဲ့သူတွေနဲ့ နိုင်ငံခြားသား အကျဉ်းသားတွေ အပါအဝင် စုစုပေါင်းအကျဉ်းသား ၄၅၂ ဦးကို ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၄ဝ၁/ ၁ အရ ၂ဝ၁၂ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်မှစ၍ ပြစ်ဒဏ်မှ လွတ်ငြိမ်းချမ်းသာခွင့် ပြုကြောင်း၊ နိုင်ငံခြားသားတွေကိုလည်း ပြည်နှင်ဒဏ်ပေးမှာ ဖြစ်ကြောင်း သိရပါတယ်။

ပြန်လည်လွှတ်ပေးလိုက်တဲ့အထဲမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ဘယ်လောက်ပါတယ်ဆိုတာတော့ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၁၂ ဇန်န၀ါရီ ၁၃ မှာ တကြိမ် အကျဉ်းသားတွေကို ပြန်လည်လွှတ်ပေးခဲ့ပါတယ်။ ဒီနောက် ဇူလိုင် ၃ ရက်နေ့တုန်းကလည်း အကျဉ်းသား ၈၀ လောက် ပြန်လည်လွှတ်ပေးခဲ့ပြီး နိုင်ငံရေးအကျဉ်းသား ၂၀ ကျော်သာ ပါဝင်ခဲ့ပါတယ်။ စက်တင်ဘာ ၁၇ ရက်နေ့ကလည်း သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ အကျဉ်းသား ၅၁၄ ဦးကို လွှတ်ပေးခဲ့ပြီး နိုင်ငံရေးအကျဉ်းသား ၉၉ ဦးသာ ပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအဖွဲ့အစည်းတွေရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

သမ္မတ ဦးသိန်းစိန်လက်ထက် ပထမဆုံးအကြိမ်အဖြစ် ၂၀၁၁ ခုနှစ် အောက်တိုဘာ ၁၂ ရက်နေ့တုန်းက အကျဉ်းသား ၆၀၀၀ ကျော် လွှတ်ပေးခဲ့ပြီး နိုင်ငံရေးအကျဉ်းသား  ၂၀၀ ကျော်သာ ပါဝင်ခဲ့ပါတယ်။

Read more

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013