DVB Logo
Home
မြန်မာသတင်း
ဖမ်းမမိသေးသည့် ဦးဝီရသူကို သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေဖြင့် တရားစွဲမည်
DVB
·
June 4, 2019
ဖမ်းမမိသေးသည့် ဦးဝီရသူကို သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေဖြင့် တရားစွဲမည်
Donate to DVB

ဦးဝီရသူအနေနဲ့ ရန်ကုန်တိုင်းသံဃနာယကအဖွဲ့ရဲ့ သြဝါဒပေးတာကို မလိုက်နာဘူးဆိုရင် သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေအမှတ် (၂၀/၉၀) နဲ့တရားစွဲဆိုသွားမယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး ဌာနက ထုတ်ပြန်ပါတယ်။

ဦးဝီရသူကို ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) နဲ့ တရားစွဲဆိုထားပြီး ရန်ကုန်တိုင်းသံဃနာယကအဖွဲ့က သြဝါဒပေးဖို့ ပင့်ထားတဲ့ကိစ္စတို့ဟာ သီးခြားစီ ဆောင်ရွက်ရ မယ့် ကိစ္စတွေဖြစ်တာကြောင့် သြဝါဒပေမယ့်ကိစ္စကို အခြေအနေအရ ဆိုင်းငံ့ထားခဲ့တယ်လို့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဧပြီ ၂၉ ရက် တနင်္သာရီတိုင်း မြိတ်မြို့ဟောပြောပွဲနဲ့  မေ ၅ ရက် ရန်ကုန် မဟာဗန္ဓုလ ပန်းခြံရှေ့မှာလုပ်တဲ့ အခြေခံဥပဒေပါ ပုဒ်မ ၅၆(စ) ကာကွယ်စောင့်ရှောက်ရေးနဲ့ ပုဒ်မ ၂၆၁ ပြင်ဆင်ရေး လူထုဆန္ဒဖော်ထုတ်ပွဲတို့မှာ ဦးဝီရသူဟောပြောခဲ့တာတွေဟာ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၄(က) နဲ့ ငြိစွန်းတာကို စိစစ်တွေ့ရတယ်လို့လည်း ဆိုပါတယ်။

ဒါကြောင့် ရန်ကုန်တိုင်း သံဃနာယကအဖွဲ့က ခေါ်ယူသြဝါဒပေးဖို့ ဆုံးဖြတ် ပင့်ဖိတ်ခဲ့သလို ရန်ကုန်အနောက်ပိုင်းခရိုင် ဒု အုပ်ချုပ်ရေးမှူးကလည်း ခရိုင်တရားရုံးမှာ ဦးတိုက်လျှောက် တရားစွဲဆိုထားတာပါ။

ဦးဝီရသူကို ရန်ကုန်တိုင်းသံဃနာယကအဖွဲ့က ခေါ်ယူ၍ ဆုံးမသြဝါဒပေးမယ့် ရက်ကိုတော့ ရက်ကို အကြောင်းညီညွတ်ချိန်မှာ ထုတ်ပြန်ပေးမယ်လို့ သာသနာရေးက ထုတ်ပြန်ထားပြီး အဲဒါကို စောင့်နေတယ်လို့လည်း ဦးဝီရသူက လူမှုကွန်ရက်မှာ ထုတ်ပြန်ပြောဆို ထားပါတယ်။

ဒီကနေ့မှာ ဦးဝီရသူကို ဖမ်းဆီးဖို့ ထုတ်ပေးထားတဲ့ ဝရမ်းရက်ပြည့်သွားပြီဖြစ်ပေမယ့် ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခြင်းမရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013