
မြန်မာနိုင်ငံထဲကို တရားမ၀င် ခိုးဝင်လာတဲ့ ဘဂါင်္လီတွေကို အပြစ်ပေးအရေးယူပြီး နေရပ်ပြန်ပို့ပေးနေတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ပြောပါတယ်။
မြန်မာနိုင်ငံအတွင်း ခိုးဝင်ခိုးသွင်း ပြုလုပ်နေတဲ့ ဘဂါင်္လီတွေကို တည်ဆဲဥပဒေအရ အရေးယူပြီးနောက် နေရပ်ပြန်ပို့တဲ့ အစီအစဉ်ကို သိလိုတဲ့အကြောင်း မနေ့က လွှတ်တော်မှာ ကယားပြည်နယ် မဲဆန္ဒနယ်က လွှတ်တော်အမတ် ဦးစိုးသိန်းမေးတဲ့ သိမေးခွန်းနဲ့ပတ်သက်ပြီး အခုလို ဖြေဆိုတာပါ။
ပြစ်ဒဏ်ကျခံပြီးတဲ့ သူတွေကိုလည်း နိုင်ငံခြားရေးဝန်ကြီးဌာနတဆင့် ရန်ကုန်ရှိ ဘင်္ဂလားဒေ့ရှ်သံရုံးနဲ့ တချို့အခြေအနေတွေအရ စစ်တွေရှိ ဘင်္ဂလားဒေ့ရှ်ရှိ ကောင်စစ်ဝန်ရုံးကို အကြောင်းကြားပြီး ပြန်ပို့ပေးနေတယ်လို့ ဆိုပါ တယ်။
ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက "ဖမ်းဆီးအရေးယူထားတဲ့တရားခံတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား မှန် မမှန်စိစစ်ပြီးတော့မှ မှန်တယ်လို့ သိရတဲ့အခါမှာ သံရုံးတွေ ကောင်စစ်ဝန်ရုံးတွေနဲ့ ချိတ်ဆက်ပြီးတော့မှ တချို့ အခြေအနေမှာ လေကြောင်းခရီးနဲ့ ပြန် လည်ပြီးတော့ သူ့နိုင်ငံကို ပို့ပါတယ်။ တချို့ အခြေအနေမှာလည်း နယ်စပ်ဒေသကတဆင့် မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နယ်ခြား အလံတင် အစည်းအဝေးတွေမှာ ညှိနှိုင်းဆွေးနွေးပြီးတော့မှ စနစ်တကျ ပြန်လည်စေလွှတ် လျက်ရှိပါတယ်" လို့ ပြောပါတယ်။
ဒါအပြင် ပြည်မဘက်ကိုလည်း ဒီနှစ်တွေအတွင်းမှာ ခိုးဝင်လာတွေများပြီး ဖမ်းမိတာတွေ စိတ်လာတယ်လို့ ဆိုပါ တယ်။
"ဒီနှစ်အတွင်းမှာ ဖမ်းမိတာတွေ စိတ်လာပါတယ်။ များလာပါတယ်။ အထူးသဖြင့် အခုလို ပွင့်လင်းရာသီမျိုးမှာ တချို့ပွဲစားတွေ၊ လူမှောင်ခိုတွေကလည်း ပို့တာရှိပါတယ်။ တောင်ကျော်လမ်း ရိုးမကျော်လာသလို တချို့ကလည်း ရေလမ်းခရီးကလာတာလည်းရှိတယ်။ အဲဒါကိုလည်း စီမံချက်ချမှတ်ပြီး ပိတ်ဆို့ရေး ဖမ်းဆီးရေးကို ဆောင်ရွက်နေပါတယ်" လို့ ၀န်ကြီး ဦးသိန်းဆွေ ပြောပါတယ်။
ဘူးသီးတောင်၊ မောင်တောဒေသ၊ ကျောက်တော်ဒေသကနေ ပြည်မဘက်ကို အထောက်အထားမပါ၊ NVC ကတ်တွေမပါဘဲ ကုန်းလမ်း၊ ရေလမ်းကနေ ခိုးဝင်လာတဲ့ ဘင်္ဂလီတွေကိုလည်း တွေ့တဲ့နေရာမှာ ဖမ်းဆီးပြီး တည်ဆဲဥပဒေနဲ့အညီအရေးယူတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိတဲ့သူတွေရဲ့ Biometric အချက်အလက်တွေယူပြီး မူလနေထိုင်တဲ့ မြို့နယ်တွေကို ကျေးရွာအုပ်ချုပ်ရေးမှုးတွေ၊ မြို့နယ်အုပ်ချုပ်ရေးမှုးတွေ ကတဆင့် ပြန်ပို့တယ်လို့ သိရပါတယ်။
တချို့ပါလာတဲ့ ကလေးငယ်လေးတွေကိုတော့ လူမှုဝန်ထမ်းမှာ ခေတ္တထိန်းသိမ်း စောင့်ရှောက်ပေးထားတယ်လို့ ဆိုပါတယ်။











