DVB Logo
Home
မြန်မာသတင်း
မြန်မာနှင့် ချက်သမ္မတနိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်ဆွေးနွေး
DVB
·
June 4, 2019
မြန်မာနှင့် ချက်သမ္မတနိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်ဆွေးနွေး
1 / 5
Donate to DVB

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ချက်သမ္မတနိုင်ငံ ဝန်ကြီးချုပ် Mr. Andrej Babiš တို့ဦးဆောင်တဲ့ နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့တွေက ချက်နိုင်ငံ မြို့တော် ပရာ့ဂ်မြို့မှာ ဇွန် ၃ ရက်နေ့က တွေ့ဆုံပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေ  မြှင့်တင်ဖို့ ဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲမှာ နှစ်နိုင်ငံဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုအပါအဝင် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ နှစ်နိုင်ငံ အဆင့်မြင့်ခေါင်းဆောင်တွေအကြား အပြန်အလှန်လည်ပတ်မှု မြှင့်တင်နိုင်ရေးကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ မြန်မာနိုင်ငံခြားရေးဌာနက ထုတ်ပြန်ပါတယ်။

ဒါအပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ချက်သမ္မတနိုင်ငံဝန်ကြီးချုပ်ကို မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ဖို့ ဖိတ်ကြားခဲ့တယ်လို့လည်းဆိုပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ  ချက်သမ္မတနိုင်ငံ တရားဝင် ချစ်ကြည်ရေး ခရီးစဉ် ရောက်ရှိနေတာဖြစ်ပြီး ချက်နိုင်ငံ ဝန်ကြီးချုပ်က ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုခဲ့သလို  ဂုဏ်ပြုနေ့ လယ်စာနဲ့ တည်ခင်းဧည့်ခံခဲ့ပါတယ်။

နှစ်နိုင်ငံဆွေးနွေးပွဲအပြီးမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့  ချက်သမ္မတနိုင်ငံ ဝန်ကြီးချုပ်တို့ဟာ ပူးတွဲသတင်းစာရှင်းလင်းပွဲကျင်းပပြီး သတင်းမီဒီယာတွေရဲ့ မေးမြန်းချက်တွေကို  ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ပရာ့ဂ်မြို့ရှိ ချက်သမ္မတနိုင်ငံရဲ့ သမ္မတဟောင်း Václav Havel ရဲ့ ဂူဗိမာန်သို့ သွားရောက် ဂုဏ်ပြုပန်းစည်းချခဲ့ပါတယ်။

ဓာတ်ပုံ- သတင်းစဉ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013