DVB Logo
Home
မြန်မာသတင်း
တပ်ကုန်းမြို့နယ်တွင် ကားတစီး ရေစီးနှင့်မျောပါပြီး သဲထဲနစ်မြုပ်
DVB
·
June 3, 2019
တပ်ကုန်းမြို့နယ်တွင် ကားတစီး ရေစီးနှင့်မျောပါပြီး သဲထဲနစ်မြုပ်
Donate to DVB

နေပြည်တော်၊ တပ်ကုန်းမြို့နယ်ထဲမှာ တောင်ကျရေဆင်းနေတုန်း ဖြတ်မောင်းတဲ့ ကားတစီး ရေနဲ့မျောပါသွားပြီး သဲထဲကိုနစ်မြုပ်သွားခဲ့ပါတယ်။

တပ်ကုန်းမြို့နယ်၊ ဂွေ့ကြီးရွာနားမှာ မနေ့ညနေပိုင်းက မိုးသည်းသည်းရွာပြီး ဂွေ့ကြီးချောင်းရေ ဆင်းနေချိန်မှာ တပ်ကုန်းအနေ ရန်ကုန်- မန္တလေးအမြန် လမ်းသို့ ဆက်သွယ်ထားတဲ့ ကွန်ကရစ်လမ်း၊ ချောင်းကူး ရေကျော်မှာ ဖြတ်မောင်းတဲ့ KLUGER အမျိုးအစား ကားတစီးမျောပါသွားတာလို့ ပြန်ကြားရေးသတင်းမှာ ဖော်ပြထားပါတယ်။

အဲဒီကားဟာ တပ်ကုန်းမြို့နယ် အောင်ဇေယျရပ်ကွက်၊ ဦးမျိုးမင်းအောင် မောင်းနှင်လာတာဖြစ်ပြီး ဦးမျိုးမင်းအောင်မှာ မျက်လုံးထဲ သဲတွေဝင်ပြီး အအေးမိသွားတာကြောင့် တပ်ကုန်း ကုတင် ၁ဝဝ ဆေးရုံမှာ ကုသခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီကားနဲ့ ယာဉ်မောင်းကို ကယ်ဆယ်နိုင်ဖို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ဌာနဆိုင်ရာတွေ၊ မြို့နယ်မီးသတ်ဖွဲ့ဝင်တွေ၊ ဂွေ့ကြီး ရွာအုပ်ချုပ်ရေးမှူးနဲ့ ရွာသားတွေ ကူညီခဲ့ကြပြီး ဒီနေ့မနက်မှာတေ့ သဲထဲမှာ မြုပ်နေတဲ့ကားကို ရွာသားတွေက ဝိုင်းဝန်းဖော်ထုတ်ပေးခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013