DVB Logo
Home
Lead Story
အကောင်းဆုံးယှဉ်ပြိုင် လက်ပြနှုတ်ဆက်ခဲ့ရသည့် The Voice Myanmar ပြိုင်ပွဲဝင် ပန်ပန်ကြေးမုံ(ရုပ်သံ)
DVB
·
June 3, 2019
အကောင်းဆုံးယှဉ်ပြိုင် လက်ပြနှုတ်ဆက်ခဲ့ရသည့် The Voice Myanmar ပြိုင်ပွဲဝင် ပန်ပန်ကြေးမုံ(ရုပ်သံ)
Donate to DVB

    “မတည်ငြိမ်နိုင်သေးတဲ့… စိတ်ရဲ့ ရူးသွပ်တပ်မက်ခြင်း… ပူလောင်တဲ့ သောကမီး များ ရင်မှာ လောင်မြိုက်ပြီး… ငါဟာ ရည်ရွယ်ရာမဲ့တဲ့ လမ်းတွေမှာ မွေ့ပျော်နေခဲ့တယ်… ထွက်ပေါက်တွေလား”

    ဒါကတော့ တချိန်က နာမည်ကြီး တေးသံရှင် ဘိုဘိုရဲ့ အစွန်းရောက်ချစ်တတ်ခဲ့ သော အမည်ရတဲ့ သီချင်းကောင်းတပုဒ်ဖြစ်ပြီး ဒီတခါမှာတော့ ဒီသီချင်းကို ပရိသတ်တွေ က The Voice Myanmar သီချင်းဆိုပြိုင်ပွဲရဲ့ စင်မြင့်ထက်မှာ နောက်တကြိမ်ရှုစားခဲ့ကြ ရတာပါ။

     ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ The Voice Myanmar ရဲ့ Live Show အ ဆင့်မှာ ပြိုင်ပွဲဝင် ပန်ပန်ကြေးမုံက ဒီသီချင်းနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

အခုနှစ်မှာ ဒုတိယအကြိမ်အဖြစ် ကျင်းပတဲ့ The Voice Myanmar သီချင်းဆို ပြိုင် ပွဲမှာတော့ တခြားထင်ရှားတဲ့ သီချင်းဆိုပြိုင်ပွဲတွေဖြစ်တဲ့ The Best Of Melody World ၊ အိပ်မက်ဆုံရာစတဲ့ ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ပြီး အတွေ့အကြုံရှိ၊ ဆုတွေရရှိထားခဲ့တဲ့ ပြိုင်ပွဲဝင်တွေ အများစု ပါဝင်နေပြီး အကြိတ်အနယ်ရှိနေကြတာကို တွေ့ရပါတယ်။

    “အစွန်းရောက်ချစ်တဲ့ စိတ်များ… ရင်ကို ကျွမ်းမြိုက်ခဲ့စေတယ်… အချစ်ရဲ့ ထိုးနှက် ချက်များ… ဒဏ်ရာများနဲ့ လဲပြိုခဲ့… ဒီတပ်မက်မှု ပိုက်ကွန်ထဲ… ရေမဲ့ငါးလို ငါ့အဖြစ်များ… အစွန်းရောက် အချစ်ဟာ ငါ့ကို နင်းခြေတယ်”

    Live Show ယှဉ်ပြိုင်မှုမှာတော့ အဖွဲ့ ၂ ဖွဲ့က ပြိုင်ပွဲဝင် ၄ ယောက်စီ ယှဉ်ပြိုင် ကြမှာ ဖြစ်ကာ သူတို့ထဲက ၂ ယောက်စီကသာ နောက်တဆင့်ကို တက်ရောက်နိုင်မှာ ဖြစ်ပါ တယ်။

ပြီးခဲ့တဲ့ မေလ ၂၆ ရက်နေ့က ပထမသီတင်းပတ်အဖြစ် Coach နီနီခင်ဇော်နဲ့ ကျား ပေါက်တို့ အဖွဲ့ ၂ ဖွဲ့ရဲ့ Live Show ယှဉ်ပြိုင်မှုမှာတော့ တဖွဲ့စီက အနိုင်ရတဲ့ ပြိုင်ပွဲဝင် ၂ ယောက်စီ၊ စုစုပေါင်း ၄ ယောက်က နောက်တဆင့် တက်ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။

သူတို့ကတော့ နီနီခင်ဇော်ရဲ့ အဖွဲ့ထဲက Hazel နဲ့ Nicholas Pasangma တို့နဲ့ ကျားပေါက်ရဲ့ အဖွဲ့ထဲက နိုဗန်ထူးနဲ့ ညိုမီမီထွန်းတို့ ဖြစ်ကြပါတယ်။

ဒုတိယသီတင်းပတ် Live Show ယှဉ်ပြိုင်မှုမှာတော့ Coach ရန်ရန်ချန်းရဲ့ အဖွဲ့ထဲ မှာ Solomon King၊ ယမုံဇင်ဦး၊ ဟိန်းဇော်လင်းနဲ့ Melody Khong တို့ ပါဝင်ပြီး R. ဇာနည်ရဲ့ အဖွဲ့ထဲမှာတော့ Paul Austin၊ ဒေးဗစ်ထူး၊  ပန်ပန်ကြေးမုံနဲ့ လင်းခက်တို့က အ ကြိတ်အနယ် ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါတယ်။

    အသက် ၃၄ နှစ်အရွယ် ပန်ပန်ကြေးမုံဟာ မန္တလေးက လာရောက်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပြီး Blind Audition မှာ အဆိုတော် တင်ဇာမော်ရဲ့ ပုထုဇဉ်သီချင်းနဲ့ အစွမ်းပြခဲ့ကာ R. ဇာနည်ရဲ့ အဖွဲ့ထဲကို ရောက်ရှိလာခဲ့တာပါ။

    Battle Round မှာတော့ သူက အဖွဲ့ထဲက ပြိုင်ဘက် A ဒေးနဲ့အတူ စုံတွဲသီချင်းတ ပုဒ်ဖြစ်တဲ့ မီးထဲတိုးမယ့်အချစ်သီချင်းနဲ့ အပြိုင်ကြဲသီဆိုယှဉ်ပြိုင်ခဲ့ကြပြီး R.ဇာနည်ရဲ့ ဆက်လက်ရွေးချယ်မှုနဲ့ နောက်တဆင့်ကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။

    နောက်တဆင့်ဖြစ်တဲ့ KnockOut Round မှာတော့ ပန်ပန်ကြေးမုံက အဆိုတော် သျှီရဲ့ ဒုက္ခမြစ်သီချင်းနဲ့ အဆိုပညာစွမ်းပြနိုင်ခဲ့ပြီး တဆင့်တက်လှမ်းနိုင်ခဲ့ပြန်တာ ဖြစ်ပါ တယ်။

    ခု Live Show အဆင့်ပြိုင်ပွဲမှာတော့ ဘိုဘိုရဲ့ သီချင်းကောင်းတပုဒ်ဖြစ်တဲ့ ဒီသီ ချင်းနဲ့ သီဆိုဟန်ဟာ ဒိုင်တွေကိုရော ပရိသတ်တွေကိုပါ ဖမ်းစားနိုင်ခဲ့တာကို တွေ့ရပါ တယ်။

    “လူတွေလည်း အားလုံး… အချစ်နဲ့တော့ မကင်းနိုင်ဘူး… ဒီလိုအတွေးများနဲ့ပေါ့… ငါ့ဘ၀ကို တည်ဆောက်ပြီး… ငါဟာ မင်းကို ပုံပြီး ချစ်တယ်… ဒါ မှန်တယ် ထင်ခဲ့တော့… လွဲမှားပြီပဲ... အစွန်းရောက်ချစ်တဲ့ စိတ်များ… ရင်ကို ကျွမ်းမြိုက်ခဲ့စေတယ်… အချစ်ရဲ့ ထိုးနှက် ချက်များ… ဒဏ်ရာများနဲ့ လဲပြိုခဲ့… ဒီတပ်မက်မှု ပိုက်ကွန်ထဲ… ရေမဲ့ငါးလို ငါ့အဖြစ်များ… အစွန်းရောက် အချစ်ဟာ ငါ့ကို နင်းခြေတယ်။

    ပန်ပန်ကြေးမုံဟာ The Voice Myanmar သီချင်းဆိုပြိုင်ပွဲရဲ့ အဆင့်တဆင့်တိုင်း မှာ အဆိုပညာစွမ်းပြနိုင်တဲ့ သီချင်းကောင်းများစွာကို သီဆိုပြီး ဖြတ်ကျော်နိုင်ခဲ့ပေမယ့် ခု ယှဉ်ပြိုင်ရတဲ့ Live Show အဆင့်မှာတော့ ပရိသတ်ပေးတဲ့ Voting အများဆုံးတယောက် ဖြစ်မလာခဲ့ပါဘူး။

    ပြိုင်ပွဲဝင် ၄ ယောက်ရဲ့ သီဆိုယှဉ်ပြိုင်မှုအပြီး ပရိသတ်ပေးတဲ့ မဲအများဆုံး ပြိုင်ပွဲ ၀င်ကို ကြေငြာရာမှာတော့ ပြိုင်ပွဲဝင် လင်းခက်က ရရှိခဲ့ပြီး ကျန်တဲ့ ၃ ယောက်ထဲက တဦး ကို Coach ဖြစ်တဲ့ R.ဇာနည်က ရွေးချယ်ရာမှာတော့ Paul Austin ကို ရွေးချယ်ခဲ့တာမို့ သူတို့ဟာ နောက်တဆင့်ကို တက်လှမ်းသွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

    ကျန်နေခဲ့တဲ့ ပြိုင်ပွဲဝင် ၂ ယောက်ဖြစ်တဲ့ ပန်ပန်ကြေးမုံနဲ့ ဒေးဗစ်ထူးတို့ကတော့ The Voice Myanmar ပြိုင်ပွဲကနေ နှုတ်ထွက်ခဲ့ရပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013