DVB Logo
Home
မြန်မာသတင်း
ရန်ကုန်-နေပြည်တော် ခြေလျင်ချီတက်သည့်ရွှေလုပ်သားများ ဖြူးမြို့ကို ရောက်ရှိ
DVB
·
November 14, 2012
ရန်ကုန်-နေပြည်တော် ခြေလျင်ချီတက်သည့်ရွှေလုပ်သားများ ဖြူးမြို့ကို ရောက်ရှိ
Donate to DVB

ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းက အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီရှေ့မှာ ဆန္ဒပြခဲ့ကြတဲ့ မန္တလေးတိုင်း ရမည်းသင်းမြို့နယ်က မိုးထိမိုးမိ ရွှေလုပ်သားတွေဟာ သူတို့ရဲ့ တောင်းဆိုချက်ကို အသိအမှတ် မပြုတာကြောင့် နေပြည်တော်ကို ခြေလျင်ချီတက်နေကြပါတယ်။

[caption id="attachment_32864" align="alignright" width="300" caption=" နေပြည်တော်မသွားမီ ရွှေလုပ်သားများ အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီရှေ့ဆန္ဒပြခဲ့ကြစဉ်"][/caption]

လုပ်သားတွေဟာ ဆန္ဒပြတဲ့ ကုမ္ပဏီရှေ့ကနေ နိုဝင်ဘာလ ၈ ရက်နေ့ကစ ချီတက်ခဲ့တာဖြစ်ပြီး ဒီနေ့ညမှာတော့ ဖြူးမြို့မှာ ညအိပ်နားနေပါတယ်။ အစောပိုင်းက ချီတက်သူ ၈၆ ဦးရှိပြီး ကျန်းမာရေးနဲ့ အသက်ရွယ်ကြောင့် ၅ ဦးကတော့ အိမ်ပြန်သွားကြပြီလို့  ချီတက်ရာမှာ ပါဝင်တဲ့ ရွှေတူးလုပ်သား ကိုနိုင်ဝင်းက ပြောပါတယ်။

နေပြည်တော်မှာ သမ္မတကို တွေ့ဆုံခွင့်ရရင် သူတို့နစ်နာချက်တွေကို တင်ပြနိုင်ဖို့ ရည်ရွယ်ထားတယ်လို့  ကိုနိုင်ဝင်းက ပြောပါတယ်။

“ကျနော်တို့တောင်းဆိုမှာတွေက တဦးတယောက်တည်းအတွက် မဟုတ်ပါဘူး။ မြန်မာတနိုင်ငံလုံးမှာရှိနေတဲ့ လယ်ယာမြေကိစ္စတွေ၊ စက်ရုံဝန်ထမ်းတွေ၊ မိုင်းတွင်းလုပ်သားတွေ၊ ဒီလူတွေဟာ မြန်မာနိုင်ငံမှာ ဘယ်လိုဖြစ်နေလဲဆိုတော့ အခြေခံလူတန်းစားတွေရဲ့ ဘ၀က နစ်မြုပ်နေတယ်။ သမ္မတကြီးဆီသွားပြီး အသနားခံမှာက အခြေခံလူတန်းစားတွေရဲ့ဘ၀ လွတ်မြောက်အောင် ရည်ရွယ်ပြီး သွားတွေ့မှာပါ။”

လမ်းတလျှောက်မှာတော့ ပဲခူးမြို့နယ်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေက လိုက်ပါပြီး အစားအသောက်နဲ့ ဆေးဝါးအကူအညီတွေ ပေးနေပါတယ်။ ဖြူးကနေ နေပြည်တော်ကို ရောက်ဖို့ မိုင် ၁၀၀ လောက် သွားကြရဦးမှာဖြစ်ပါတယ်။

ရွှေလုပ်သားတွေဟာ ဇွန်လတုန်းကလည်း သူတို့ရဲ့ နစ်နာချက်တွေကို တောင်းဆိုဖို့ နေပြည်တော်ကို ချီတက်ခဲ့ပေမယ့် ရွှေလုပ်သားတွေနဲ့ ကုမ္ပဏီ ညှိနှိုင်းပြီး ရွှေလုပ်သားတွေရဲ့ တောင်းဆိုချက် ၆ ချက်ကို သဘောတူခဲ့ပါတယ်။

အင်း၊ အယ်တာတွေကို တနှစ်ဆက်လုပ်ခွင့်၊ ကျောက်ကြိတ်စက်တွေ တနှစ်ကြိတ်ခွင့်၊ ထုံးကြီးတောင် ဒေသက ရွှေလုပ်သားတွေ အစုခွဲစားခွင့်ဖြင့် ယခင်အတိုင်း လုပ်ကိုင်ခွင့်ပြုဖို့ကတော့ ၈ လခွဲ သတ်မှတ် သဘောတူခဲ့ကြပါတယ်။

ဒါ့အပြင် အင်း၊ အယ်တာတွေ နစ်နာကြေး တောင်းခံထားသူတွေနဲ့၊ လုပ်ငန်း ရပ်ဆိုင်းထားတဲ့ကာလအတွင်း အသေးစား ရွှေလုပ်ငန်းရှင်တွေနဲ့ မှီခိုလုပ်သားတွေကို ၁ လအတွင်း နစ်နာကြေး ပေးဖို့ သဘောတူညီခဲ့ပါတယ်။

ဒါပေမယ့် ကုမ္ပဏီက သဘောတူညီချက်အတိုင်း မလုပ်တဲ့အတွက် ကုမ္ပဏီကို ထပ်မံတောင်းဆိုတာလို့ ကိုနိုင်ဝင်းက ပြောပါတယ်။

“ကုမ္ပဏီက လုပ်ပိုင်ခွင့်တွေနဲ့ပတ်သက်ပြီး ပိတ်ပင်တားဆီးတာတွေရှိနေတာ့ လုပ်ငန်းကို တသက်တာလုပ်ကိုင်ခွင့် ရရှိသွားဖို့ တောင်းဆိုထားတယ်။ ကုမ္ပဏီမှာ တင်ထားတဲ့လျော်ကြေး၊ နစ်နာကြေး ကိစ္စတွေကို တချို့တ၀က်လျော်ပေးပြီး တချို့တ၀က်ကို လျော်ကြေးမပေးဘဲ ချန်ထားတယ်။ ဒါကြောင့် လျော်ကြေးဆက်လက်ပေးဖို့၊ အစရှိတာတွေ ဆောင်ရွက်ပေးခြင်းမရှိလို့ ကျနော်တို့တွေ ဆက်လက်တောင်းဆိုနေတာပါ။”
ဒီတောင်းဆိုချက်တွေကို ကုမ္ပဏီဘက်က အကောင်အထည်ဖော်ပေးဖို့ ရန်ကုန်မှာ လာရောက်ပြီး ဆန္ဒထုတ်ဖော်ခဲ့ပေမယ့် အသိအမှတ်မပြုတဲ့အတွက် နေပြည်တော်ကို ချီတက်နေကြတာဖြစ်ပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013