DVB Logo
Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
June 3, 2019
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
Donate to DVB

မတ်ပဲ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက ပိဿာ ၆ဝ ဝင် တအိတ်ကို ၈၃၄ဝဝ ပေါက်ဈေးရှိပြီး ၄ဝဝကျပ်ဈေး ကျဆင်းသွားပါတယ်။

မန္တလေးကုန်စည်ဒိုင်မှာလည်း  မတ်ပဲ(သစ်) တအိတ်ကို ၇၈ဝဝဝ ကနေ ၈ဝဝဝဝ   ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင်မှာ ၃၄ဝဝကျပ် ဈေးကွာခြားပါတယ်။

ပဲစင်းငုံနီ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီအသစ်က ပိဿာ ၆ဝ ဝင် တအိတ်ကို ၉၁၉ဝဝ ပေါက်ဈေးရှိပြီး ၉၅ဝ ကျပ်ဈေး ကျဆင်းသွားပါတယ်။

မန္တလေးပွဲစားကုန်သည်စက်ပိုင်အသင်းမှာတော့ တအိတ်ကို ၁ဝ၁ဝဝဝ ကနေ ၁ဝ၂ဝဝဝ ပေါက်ဈေးရှိပါတယ်။ ရန်ကုန်နဲ့ မန္တလေးကုန်စည်ဒိုင် တအိတ်ကို ၁ဝ၁ဝဝ ကျပ် ဈေး ကွာခြားပါတယ်။

ပဲကြီး

မန္တလေးကုန်စည်ဒိုင်မှာ ပဲကြီးက ၅၅ ဒသမ ၂၅ ပိဿာဝင် တအိတ်ကို ၇၅ဝဝဝ ကနေ ၉၃ဝဝဝ ပေါက်ဈေးရှိပါတယ်။

ဆင်ဖြူကျွန်းကုန်စည်ဒိုင်မှာ ပဲကြီးတအိတ်ကို ၉၆ဝဝဝ ပေါက်ဈေး ရှိပါတယ်။ မန္တလေးနဲ့ ဆင်ဖြူကျွန်းကုန်စည်ဒိုင်မှာ ၃ဝဝဝ ကျပ် ဈေးကွာခြားပါတယ်။

ပဲနီပြား

မန္တလေးကုန်စည်ဒိုင်မှာ ပဲနီပြားက ၅၅ ဒသမ ၂၅ပိဿာဝင် တအိတ်ကို ၆၅ဝဝဝ ကနေ ၇၅ဝဝဝ ပေါက်ဈေး ရှိပါတယ်။

မြင်းခြံကုန်စည်ဒိုင်မှာ ပဲနီပြားတအိတ်ကို ၆ဝ၇ဝဝ ကနေ ၇၇၃ဝဝ ပေါက်ဈေး ရှိပါတယ်။ မန္တလေးနဲ့ မြင်းခြံကုန်စည်ဒိုင်မှာ ၂၃ဝဝ ကျပ် ဈေးကွာခြားပါတယ်။

နှမ်းနက်စမုံ

မန္တလေးကုန်စည်ဒိုင်မှာ နှမ်းနက်စမုံက ၄၅ ပိဿာဝင် တအိတ်ကို ၂၆ဝဝဝဝ ကနေ ၂၆၅ဝဝဝ ပေါက်ဈေးရှိပါတယ်။

မကွေးကုန်စည်ဒိုင်မှာ နှမ်းနက်စမုံတအိတ်ကို ၂၅ဝဝဝဝ ကနေ ၂၅၅ဝဝဝ ပေါက်ဈေး ရှိပါတယ်။ မန္တလေးနဲ့ မကွေးကုန်စည်ဒိုင်မှာ ၁ဝဝဝဝ ကျပ် ဈေးကွာခြားပါတယ်။

နှမ်းဖြူ

မန္တလေးကုန်စည်ဒိုင်မှာ နှမ်းဖြူက ၄၅ ပိဿာဝင် တအိတ်ကို ၁၇၇ဝဝဝ ကနေ ၁၈၅ဝဝဝ ပေါက်ဈေးရှိပါတယ်။

မကွေးကုန်စည်ဒိုင်မှာ နှမ်းဖြူတအိတ်ကို ၁၈ဝဝဝဝ ကနေ ၁၈၂ဝဝဝ ပေါက်ဈေး ရှိပါတယ်။ မန္တလေးနဲ့ မကွေးကုန်စည်ဒိုင်မှာ ၃ဝဝဝ ကျပ် ဈေးကွာခြားပါတယ်။

ဖော်ပြထားတဲ့ သီးနှံဈေးနှုန်းတွေက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါတယ်။

သတင်း – AMIA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013